Day 13 (Cont.)
Himchan ဆီက နောက်ကျမယ် ဆိုတဲ့ မက်ဆေ့ခ်ျရတော့ လင်းလင်း တစ်ယောက် နည်းနည်း မှိုင်သွားတယ်... ဒါပေမယ့် အထဲ မ၀င်သေးဘူး... oppa ကို ဆက်စောင့်နေမယ်လို့ reply ပြန်လိုက်တယ်... တော်ကြာ himchan oppa တစ်ယောက် မယောင်မလည်နဲ့ လမ်းပျောက်နေမှာစိုးလို့... သူမ ရုံရှေ့မှာပဲ ဆက်စောင့်နေလိုက်တယ်...
တိုက်စီတွေ တစ်စီးပြီး တစ်စီး ရောက်လာတယ်... himchan တော့ ပါမလာဘူး... လင်းလင်း မျှော်ရတာလည်း လည်ပင်းတောင် ညောင်းလာပြီ... ခဏနေတော့ သူမရှေ့တည့်တည့်ကို တိုက်စီ တစ်စင်းရောက်လာတယ်... ထွက်လာတာက Daehyun... သူမ မျက်လုံးပြူးသွားပြီး...
"ဟင်... Daehyun?"
လင်းလင်းတစ်ယောက် မျက်လုံးလေး ဝေ့ပြီး တိုက်စီရဲ့ ဘယ် အပေါက်ကနေများ himchan ဆင်းလာမလဲလို့ လိုက်ရှာမိတယ်... တိုက်စီ ထွက်သွားတော့မှ himchan ပါမလာဘူးဆိုတာ သေချာသွားပြီး...
"Himchan oppa ရော? မပါဘူးလား?"
"သူ သိပ်နေမကောင်းလို့ ငါ့ကို လွှတ်လိုက်တာ..." လင်းလင်း မျက်လုံးပြူးသွားတာ မြင်တော့ Daehyun ကပဲ ဆက်ပြီး "စိတ်မပူပါနဲ့... ပင်ပန်းလို့ပါ... နားလိုက်ရင် သက်သာ သွားမှာ... အခု သူအိပ်နေတယ်..." လို့ လိမ်ပြောလိုက်တယ်... မဟုတ်ရင် သွားပြုစုပေးမယ်ဆိုပြီး လုပ်နေမှာစိုးလို့... ကြိုတားတာ...
"အော... ဒါဆိုလည်း နားပါစေလေ..."
"လာ အထဲဝင်ရအောင်... ရုပ်ရှင်က စနေပြီဟုတ်?" လို့ Daehyun က လက်မှတ်က အချိန်ကို ထုတ်ကြည့်ပြီး ပြောလိုက်တယ်...
"အင်း... ဒါနဲ့... နင်က ကာတွန်းကား မကြိုက်ဘူး မလား? ဘယ်လိုလုပ်ကြမလဲ?"
"ဘယ်လိုမှမလုပ်ဘူး... နင်ကြည့်ချင်တယ်ဟုတ်? ငါအဖော်လိုက်ပေးတယ်လို့ သဘောထား... အိုကေ?"
"အော်... အင်း... ဒီလိုလည်း ရတာပဲ... ကျေးဇူးတင်တယ် သိလား... ဒါဆို သွားတာပေါ့" လင်းလင်း ပြောပြီး သူတို့ နှစ်ယောက် လက်မှတ်ဖြတ်ခါ ရုံထဲဝင်သွားကြတယ်...
ရုပ်ရှင်က ပြနေပြီ... သူတို့ နေရာမှာ ၀င်ထိုင်ပြီးနောက် ၁၅ မိနစ်လောက်ကြာသည်အထိ Daehyun တစ်ယောက် ဂနာမငြိမ် ရိုးတိုးရွတ ဖြစ်နေတယ်... စစချင်းမှာတော့ ရှက်သလိုလို ရွံ့သလိုလိုနဲ့ ထိုင်ခုံမှာ အနောက်အထိ အပြည့်အ၀ မထိုင်ပဲ ရှေ့လေးမှာသာ မတ်မတ်လေး ထိုင်နေတယ်... ဒါပေမယ့် တစ်မိနစ်တောင်မကြာပါဘူး... မထူးပါဘူးလေဆိုပြီး ဇိမ်ကျကျနဲ့ နောက်မှီ ပြီး ခြေထောက်တောင် ချိတ်ထိုင်လိုက်သေးတယ်...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)