Part 30 - Everything For You (Day 23)

130 13 2
                                    

Day (23)

နောက်နေ့ မနက်ရောက်တော့ ajusshi က မေသူရော လင်းလင်းရော ကို ခေါ်ပြီး မေသူ့ရုံးခန်းမှာ တွေ့ခါ သူတို့ ထဲက တစ်ယောက်ကို TS entertainment မှာ အလုပ်ခန့်ဖို့ကိစ္စကို ပြောပြလိုက်တယ်... တစ်ပါတည်း ပြိုင်ပွဲလုပ်မယ့် ကိစ္စနဲ့ အမှတ်ပေးတာကို Online Voting နဲ့ လုပ်မယ့် ကိစ္စကိုပါ ပြောပြလိုက်တယ်...

လင်းလင်းတစ်ယောက် နည်းနည်းတော့ စိတ်သောက ရောက်မိတယ်... မေသူ့လို ပရောဖက်ရှင်နယ်တစ်ယောက်နဲ့ ပြိုင်ရမယ်ဆိုတော့ သူမအတွက် မျှော်လင့်ချက် သိပ်မရှိဘူးလို့ ထင်တယ်... ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူမအရမ်းပျော်တယ်... တကယ်လို့သာ သူမ နိုင်ခဲ့ရင် သူမအိမ်မက်တွေ အကောင်အထည်ပေါ်လာမှာ... အပျော်ဆုံးကတော့ သူမ အသည်းစွဲ BAP ရဲ့ Sytlist ဖြစ်ဖို့ အခွင့်အရေးရှိတယ် ဆိုတာပဲ... သူမ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်ထားလိုက်တယ်...

Ajusshi ကဆက်ပြီး မေသူက နာမည် ကြီးပြီးသား ဖြစ်တဲ့အတွက် သူတို့နာမည်တွေနဲ့ voting လုပ်ခိုင်းရင် လင်းလင်းအတွက် မတရားရာ ကျမှာစိုးလို့ အမည်မဖော်ပဲ Stylist A နဲ့ Sytlist B ဆိုပြီး Voting စီစဉ်မှာ ဖြစ်ကြောင်းပြောမှ လင်းလင်း လည်း စိတ်သက်သာရာ ရတော့တယ်...

နောက်ဆက်ပြီး ပြိုင်ပွဲ စည်းကမ်းတွေနဲ့ ပြိုင်ရမယ့် theme တွေကို ajusshi ကပြောပြပြီး သူတို့ကို ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက် ပြင်ဆင်ဖို့ အချိန်ရကြောင်းပြောပြတယ်... ပြိုင်ပွဲကို သန်ဘက်ခါမှာ လုပ်မယ်တဲ့... နှစ်ရက်တည်းနဲ့ လေ့လာပြင်ဆင်လို့ ပြီးပါ့မလားလို့ လင်းလင်း တွေးပူမိတယ်... ဒါပေမယ့် ဘယ်တတ်နိုင်မလဲ... ဒီလို အခွင့်အရေးရတာနဲ့တင် အရမ်း ကျေးဇူးတင်နေပြီ...

လင်းလင်းတစ်ယောက် ပြိုင်ပွဲအတွက် concept ကိုစဉ်းစားရင်းနဲ့ အိမ်ရောက်လို့ ရောက်မှန်းမသိ ရောက်လာပြီ... သူမ ဘေးအခန်းကို လှမ်းကြည့်လိုက်တယ်... ဟိုတစ်နေ့ကတင်ပဲ daehyun က သူမကို စစနောက်နောက်နဲ့ သူ့ရဲ့ personal stylist လုပ်ဖို့ ပြောနေတာ... သူပဲ ဖြစ်မှာပါ သူမကို ဒီလို အခွင့်အရေးရအောင် ဖန်တီးပေးတာ... သူမစဉ်းစားမိပါတယ်... မေသူကိုပဲ ခန့်လိုက်လို့ ရတာကို သူမလို assistant တစ်ယောက်အတွက်ပါ ပြိုင်ပွဲလုပ်ပေးတယ်ဆိုတော့... Daehyun ကျေးဇူးတွေပဲ ဖြစ်မယ်ဆိုတာ သူမ ရိပ်မိပါတယ်...

Baby! You're My Lovesick [Completed]Where stories live. Discover now