Part 29 - Everything For You (Day 22)

104 13 0
                                    

Day (22)

မနက်မိုးလင်း himchan အိပ်ရာကနိုးလာတော့ ထူးထူးဆန်းဆန်းတွေ့ရတာက ထမင်းစားပွဲပေါ်မှာ ဖွယ်ဖွယ်ရာရာ မနက်ခင်းစာတွေက အသင့်စောင့်နေတာကိုပဲ... စားပွဲဘေးမှာ daehyun က ပြုံးစိစိနဲ့ ရပ်နေတယ်... ဘယ်အချိန်ကတည်းက သူ့ကို စောင့်နေမှန်းမသိ...

သူ့ကို မြင်တော့ himchan လန့်သွားတယ်... တစ်ခါမှ စောစောလည်းမထ မနက်စာလည်း သူများ လုပ်ထားတာ စားတဲ့ လူက ဘယ်နှယ့်ကြောင့် ဒီလိုဖြစ်ရတာလဲ လို့ himchan က စဉ်းစားတယ်... သေချာတာကတော့ ဒီကောင် အကြံနဲ့ပဲ... himchan လည်း စားပွဲနားကို မရဲတရဲနဲ့ တိုးသွားပြီး...

"မင်း ဘာဆေးများ ခတ်ထားသေးလဲ?" လို့မေးလိုက်တယ်...

"အချစ်ဆေး..." ဟိုတစ်ယောက်ကလည်း စပ်ဖြီးဖြီးနဲ့ ပြန်ဖြေတယ်...

"Yahhhhh!!!"

"နောက်တာပါ hyung ရာ... ဘာဆေးမှ မခတ်ထားဘူး... လာဒီမှာထိုင်... အေးဆေးစား..." လို့ ပြောပြောဆိုဆိုနဲ့ himchan ထိုင်ဖို့ ထိုင်ခုံလေးကို ဆွဲပါ ဆွဲပေးလိုက်သေးတယ်... himchan ကလည်း daehyun ကို မျက်ခြေမပြတ် အကဲခတ်ကြည့်ရင်း ၀င်ထိုင်လိုက်တယ်...

daehyun လည်း himchan ဘေးက ထိုင်ခုံမှာ ၀င်ထိုင်ပြီး himchan အတွက် အစားအသောက်တွေ ထည့်ပေး... ကော်ဖီတွေ ငှဲ့ပေးနဲ့ မပြတ်တမ်းကို ဖားနေတော့တယ်... နောက်ပြီးမှ ဂျီကျဖို့ ဆုံးဖြတ်ထားတယ်... himchan လည်းသိပါတယ်... ဒါပေမယ့် ဒီကောင် သဘောကောင်းနေတုန်း အပြုအစု ခံထားဦးမှ ဆိုပြီး ငြိမ်ခံနေတာ... နောက်မှ ဂျီကျတာတွေ လက်မခံနိုင်ရင် ငြင်းပစ်မယ်ပေါ့...

မနက်စာ စားပြီးကြတော့ နှစ်ယောက်လုံး လုပ်စရာ ရှိတာတွေ လုပ်ကြတယ်... မနေ့ညက ကိစ္စကို daehyun က တစ်ခွန်းမှ မဟဘူး... ဒီအတိုင်း ထားထားတယ်... ဒီတော့ himchan ဇဝေဇ၀ါဖြစ်ရတာပေါ့... ဒီကောင် လက်များလျော့လိုက်ပြီလား... ဒါမှမဟုတ် တိတ်တိတ်လေးများ ဘာတွေကြံနေပါလိမ့် ဆိုပြီး စိတ်ပူနေရပြီ...

Daehyun က တစ်မနက်လုံး ပြုံးဖြီးပြီး သဘောတွေကောင်းလို့... နေ့လည်စာ စားချိန်မတိုင်ခင်မှာလည်း အိမ်အောက်ဆင်းပြီး သူတစ်ယောက်ထဲ ဖွယ်ဖွယ်ရာရာ နေ့လည်စာတွေသွားဝယ်လာတယ်... သစ်သီးတွေ အအေးတွေတောင် ပါလာသေးတယ်... himchan တစ်ယောက် အဆင်သင့်စားရုံပဲ... daehyun က အကုန်လုံး အဆင်သင့် တည်ခင်းဧည့်ခံ ကျွေးနေတာကိုး...

Baby! You're My Lovesick [Completed]Where stories live. Discover now