Unicode
"သားတို့နှစ်ယောက်ပြီးရောပြီးကြပြီလား"
"ပြီးပြီ"
ရှောင်ကျန့်သည်လွယ်အိတ်ပန်းရောင်လေးလွယ်၍အပေါ်ထပ်မှတတ်ကြွစွာပြေးဆင်းလာသည်။ကျန့်နင်သည်လည်းလွယ်အိတ်ပန်းရောင်လေးဖြင့်ရှိနေတာကြောင့်အမွှာနှစ်ယောက်ဆင်တူဟုခေါ်နိုင်သည်။
ရိမင်နှာခေါင်းတစ်ချက်ရှုံလိုက်ရင်းသူ့ရဲ့အနက်ရောင်လွယ်အိတ်လေးကိုငုံ့ကြည့်လိုက်သည်။သူကကိုကိုနဲ့ဆင်တူလိုချင်တဲ့ဟာ......
"အယ်.....ဖြေးဖြေးဆင်းလေကွယ်....
ချော်ကျအုံးမယ်"ရိမား၏စကားကြောင့်ရှောင်ကျန့်၏သေးငယ်သောမျက်နှာလေးထက်နှင့်တောက်ပသောအပြုံးလှလှလေးတစ်ခုပေါ်ပေါက်လာသည်။ရိမားသည်ထမင်းဘူးထည့်ပေးလိုက်ပြီးစိုးရိမ်စွာဖြင့်သေသေချာချာမှာကြားနေခဲ့သည်။
ပြီးနောက်ကားပေါ်တတ်၍ရိမားကိုနှုတ်ဆတ်ကာဒါရိုက်ဘာမောင်းသည့်ကားဖြင့်ကျောင်းသို့သာထွက်လာခဲ့၏။
"တွေရတာဝမ်းသာပါတယ်......
ငါ့နာမည်ကကျန့်နင်ပါ.....ဒါကငါ့ရဲ့
အမွှာမောင်လေးကျန့်ရင်လို့ခေါ်တယ်....."ဇာတ်လိုက်မသည်တတ်ကြွပြုံးရွှင်စွာဖြင့်စာသင်ခန်းအတွင်းရှိသူမတို့နှင့်ရွယ်တူကလေးများကိုနှုတ်ဆတ်သည်။
အခန်းတွင်းရှိကလေးများဟာရှောင်ကျန့်တို့မောင်နှမကိုအမွှာမှန်းသိသွားသည်နှင့်ကလေးသဘာဝပီပီစိတ်ဝင်စားမှုမြင့်တတ်လာ၏။ချက်ချင်းပင်ရှောင်ကျန့်တို့နားကလေးတွေအုပ်စုလိုက်ဝိုင်းအုံလာသည်။
"နင်တို့နှစ်ယောက်ကတကယ်ကြီးအမွှာတွေလား"
ကလေးတစ်ယောက်ကမေးသည်။
"အင်း"
ေရှာင်ကျန့်ကပြုံးရွှင်စွာပင်ပြန်ဖြေပေးလိုက်သည်။အမှန်တကယ်တော့သူကကလေးတွေကိုချစ်တတ်သည်။ဒါကြောင့်လည်းသူတို့မေးသမျှစိတ်ရှည်ရှည်နဲ့ပြန်ဖြေပေးမိနေတာလဲပါသည်။
ဆရာမသည်လည်းရှောင်ကျန့်၏ချစ်စရာကောင်းမှုမှာအရည်ပျော်ကျသွားသည်။ဘယ်လိုသူကများလိမ်မာရေးခြားရှိတဲ့ချစ်စရာကလေးလေးကိုမချစ်ပဲနေနိုင်မှာလဲ......
YOU ARE READING
system 091