(5.9)

7K 726 46
                                    

Unicode

"ငါ့သား.....မင်းအရက်သောက်ဖူးလား...."

"အမ်....ကျွန်တော်မသိဘူးလေ"

လဲ့ချင်းယန်ကသူ့ရဲ့ခေါင်းကိုနားမလည်နိုင်စွာကုတ်၍ပြန်ဖြေသည်။သူကိုယ်တိုင်ကိုကအတိတ်မေ့နေတာကြောင့်အရင်အချိန်တွေတုန်းကအရက်သောက်ခဲ့ဖူးလား၊မသောက်ခဲ့ဖူးလားဆိုတာကိုအမှန်တကယ်မသိချေ။

ရှောင်ကျန့်ရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေမှာလှပစွာကွေးတတ်လာပြီးအရက်ထည့်ထားသည့်ခွက်တစ်ခွက်အားလဲ့ချင်းယန်ဆီကမ်းပေးလိုက်သည်။

"မမှတ်မိရင်လည်းတစ်ခွက်လောက်တော့စမ်းသောက်ကြည့်သင့်တယ်"

လဲ့ချင်းယန်ကအရက်ခွက်ကိုလှမ်းယူလိုက်ရင်းအရင်ဆုံးအနံ့ခံကြည့်လိုက်သည်။ကျင့်ကြံသူတွေသောက်သုံးသည့်သေရည်အမျိုးအစားမှာအလွန်ထူးဆန်းလှသည်။

၎င်းကသာမန်သေရည်တွေနဲ့ကွဲပြားစွာကျင့်ကြံသူတွေကိုမူးယစ်စေနိုင်၏။ကျင့်ကြံဆင့်ပိုမြင့်လေမူးယစ်နိုင်ခြေပိုနိမ့်လေဖြစ်ပေမယ့်ကျင့်ကြံသူအများစုကတော့သေရည်သောက်သုံးချိန်တွင်မူးယစ်တဲ့အရသာကိုခံစားနိုင်ဖို့ရန်အတွက်ကျင့်ကြံဆင့်ကိုဖိနှိပ်ကန့်သပ်ထားတတ်ကြသည်။

ရှောင်ကျန့်ဟာထိုနည်းတူစွာသူ့ရဲ့နဖူးအလည်ရှိဖျောက်ထားတဲ့အပြာရောင်ကျောက်ကနေတစ်ဆင့်သူ့ရဲ့ကျင့်ကြံဆင့်ကိုအနိမ့်ဆုံးနတ်ဘုရားအဆင့်အထိဖိနှိပ်ချထားလိုက်သည်။

သေရည်အနံ့ကသင်းသင်းလေးနှင့်စွဲမက်ဖွယ်ရာကောင်းသည်။လဲ့ချင်းယန်ကလျှာတစ်ချက်သပ်လိုက်ပြီးအရက်ခွက်ကိုမော့သောက်လိုက်သည်။

သေရည်၏အရသာမှာပြင်းရှရှနှင့်လည်ချောင်းတစ်လျှောက်ပူဆင်းသွားပြီးဝမ်းဗိုက်ထဲအရောက်တွင်နွေးထွေးပျံ့ကျဲသွားသည်။၎င်းကအနည်းငယ်ချိုမြမြအရသာကိုလည်းပေးစွမ်းသည်။လဲ့ချင်းယန်၏မျက်လုံးတွေမှာသေရည်ခွက်ကိုကြည့်ပြီးတစ်လက်လက်တောက်ပလာခဲ့သည်။

တစ်နာရီခန့်ကြာပြီးနောက်......

ဆောင်ကြာမြိုင်၏သီးသန့်ခန်းတစ်ခန်းထဲတွင်ဒါဇင်ကျော်ခန့်ရှိတဲ့သေရည်ပုလင်းအများအပြားနဲ့အတူရှောင်ကျန့်နဲ့လဲ့ချင်းယန်မှာယိုင်တိုင်တိုင်ဖြစ်နေခဲ့ပြီဖြစ်သည်။

system 091 Where stories live. Discover now