(4.7)

6.8K 754 15
                                    

Unicode

"ရန်ဖန်း......ရန်ဖန်း....ကားရပ်သွားပြီ...."

ဇိုင်း၏ကလေးဆန်သောအသံလေးနဲ့အတူရှောင်ကျန့်ဟာအိပ်ချင်မူးတူးဖြင့်နိုးထလာ၏။တစ်ဖက်တွင်ဇာတ်လိုက်ချင်းထန်ဟာအိပ်ပျော်နေသည့်ရှောင်ကျန့်အားနှိုးဖို့ရန်ပြင်လိုက်ချိန်တွင်ထထိုင်လာသည့်ရှောင်ကျန့်ကြောင့်အနည်းငယ်ကို့ယို့ကားယားဖြစ်သွားဟန်ဖြင့်ဆန့်တန်းထားသောလက်အားပြန်လည်ရုတ်သိမ်းသွားသည်။

"ဟို.....နေ့လည်စာစားဖို့....ကားခဏရပ်ထားတယ်"

ပြောရင်းဆိုရင်းဖြင့်ချင်းထန်ဟာရှက်ကိုးရှက်ကန်းဖြင့်ကားပေါ်မှဆင်းသွားသည်။နောက်ဆုံးနှစ်ကျောင်းသားတိုင်းကသွားရမည့်ခရီးစဥ်တူသည်တော့မဟုတ်ပေ။

ယင်းမီတို့နှင့်ဝေဝေ၊အက်ဒမ်တို့မှာအခန်းချင်းတူကြပြီးယင်းမီကလွဲ၍ကျန်နှစ်ယောက်မှာရှောင်ကျန့်တို့အခန်းရှိbusပေါ်တွင်အတင်းအကြပ်ကပ်လိုက်လာကြတာဖြစ်သည်။

"ရန်ဖန်း....မြန်မြန်လာ...."

ချင်ဖေးဖေးနဲ့ပိုင်မင်ကရှောင်ကျန့်ဆီလျှောက်လာရင်းကားပေါ်တွင်တစ်ယောက်တည်းကျန်ရစ်မနေစေရန်စောင့်ဆိုင်းပေးသည်။

ရှောင်ကျန့်ကကျေးဇူးတင်စွာပြုံးပြလိုက်ရင်းသူ့ပေါ်ခြုံပေးထားသည့်အနွေးထည်အားဆွဲယူလိုက်ကာမျက်လုံးထောင့်လေးကနေဇိုင်းအားခိုးကြည့်လိုက်သည်။ဇိုင်း၏မျက်နှာသေးသေးလေးမှာပုံမှန်အတိုင်းလူကြီးလေးတစ်ယောက်ကဲ့သို့တည်တန့်နေသည်ကိုကြည့်ရင်းရှောင်ကျန့်မှာသဘောကျစွာခပ်ဖွဖွရယ်လိုက်မိ၏။

"ဘာတွေသဘောကျနေတာလဲ"

ရှောင်ကျန့်ဟာချင်ဖေးဖေးကိုဘာမှမဟုတ်ကြောင်းခေါင်းခါပြးရင်းထိုင်ခုံထက်မှထရပ်လိုက်သည်။သူထရပ်သည်ကိုမြင်သည်ဇိုင်းဟာထုံးစံကဲ့သို့ရှောင်ကျန့်ရဲ့အကင်္ျီအနားစလေးအားမသိမသာလာဆွဲရင်းအတူလိုက်ပါသွားသည်။

ကားပေါ်ကဆင်းလိုက်သည်နှင့်ပုံမှန်မဟုတ်စွာညှို့မှိုင်းနေသောကောင်းကင်ကြီးကိုသတိထားမိလိုက်သည်။အချိန်ကနေ့လည်ခင်းသာရှိသေးပေမယ့်ကောင်းကင်ထက်တွင်တော့ညနေခင်းရောက်နေသလိုနီညိုရောင်သန်းရင်းတိမ်တွေအုံ့မှိုင်းနေ၏။

system 091 Where stories live. Discover now