(4.5)

7.2K 787 23
                                    

Unicode

ရှောင်ကျန့်လက်ထဲကအနက်ရောင်အလုံးလေးမှကြမ်းပြင်ထက်သို့ကျဆင်းသွားကာကလေးတစ်ယောက်၏ပုံပန်းသဏ္ဍာန်အဖြစ်ပြောင်းလဲသွားသည်။

၎င်းမှာကောင်ငယ်လေးတစ်ယောက်ဖြစ်ပြီးမျက်လုံး၊နှာခေါင်း၊ပါးစပ်နှင့်နားရွက်မရှိချေ။ကလေးသရဲတွင်ဆံပင်အုပ်အုပ်လေးလေးရှိပြီးအဝတ်အစားကအစသပ်သပ်ရပ်ရပ်လေးရှိသည်။ပြောင်မျက်နှာကြီးကြောင့်သာမဟုတ်ပါကသာမန်ကလေးတစ်ယောက်နှင့်ဘာမှမကွာခြားပေ။

ရှောင်ကျန့်ကအနည်းငယ်အခက်တွေ့သွားသည်။ဒီသရဲလေးတွင်မျက်လုံး၊ပါးစပ်နဲ့နားမရှိသည်ကရှောင်ကျန့်အတွက်ဆက်သွယ်ပြောဆိုရန်ခက်ခဲလှ၏။ဇိုင်းကရှောင်ကျန့်ရဲ့အခက်တွေ့မှုကိုနားလည်သွားဟန်ဖြင့်ကလေးသရဲဆီသို့မျက်နှာမူလိုက်သည်။

"မင်းငါပြောသမျှကိုကြားနိုင်လား"

"ဟုတ်.....ကျွန်တော်မြင်လဲမြင်နိုင်ပါတယ်"

ကလေးသရဲဆီကကြောက်လန့်နေဟန်အသံသေးသေးလေးထွက်ပေါ်လာသည်။ဘယ်လိုပြောလိုက်မှန်းမသိပေမယ့်လို့ပေါ့။

ရှောင်ကျန့်ကအံ့အားသင့်သွားဟန်ခေါင်းငြှိမ့်လိုက်သည်။ဒီကလေးသရဲကဦးလေးကြက်ဥဖြူနဲ့တော့ကွာခြားသည်။

""'စာဖတ်တတ်လား""'

ရှောင်ကျန့်ရေးသမျှကိုဇိုင်းကဘာသာပြန်ပေးသည်။

"မင်းစာဖတ်တတ်လားတဲ့"

"ဟုတ်"

ရှောင်ကျန့်ကကျေနပ်စွာတစ်ချက်ပြုံးလိုက်ရင်းအဓိကဆိုလိုရင်းကိုသူ့စာအုပ်လေးထဲတွင်ချရေးလိုက်သည်။

""'ဘာဖြစ်လို့ကလေးမလေးကိုအခန်းထဲမှာအကြာကြီးပိတ်ထားရင်းပူးကပ်နေတာလဲ""'

ကလေးသရဲကရှောင်ကျန့်ရေးထားသည့်စာကိုအသေအချာဖတ်ရှု့၍ယဥ်ကျေးစွာပြန်ဖြေသည်။

"ပိုင်ပိုင်ကကျွန်တော့်သူငယ်ချင်းပါဗျ.....ကျွန်တော်သူ့အရုပ်ကိုဖျက်ဆီးမိသွားတော့သူကကျွန်တော်နဲ့သူငယ်ချင်းမလုပ်တော့ဘူးဆိုပြီးပြောတယ်....ကျွန်တော်လည်းပိုင်ပိုင့်အတွက်အရုပ်အသစ်လုပ်ပေးချင်ပေမယ့်ကျွန်တော့်လိုဝိဥာဥ်တစ်ကောင်အတွက်အရာဝတ္ထုပစ္စည်းတွေကိုထိကိုင်ဖို့ကအရမ်းခက်ခဲတယ်လေ.....အဲ့ဒါနဲ့ပိုင်ပိုင့်ခန္ဓာကိုယ်ထဲဝင်ပူးရင်းဒီတစ်ပါတ်လုံးအရုပ်တွေချုပ်နိုင်ဖို့ကြိုးစားနေခဲ့တာ.....ဒါပေမယ့်ကျွန်တော်လုပ်တဲ့အရုပ်တွေတိုင်းကပိုင်ပိုင့်အရုပ်လိုချစ်ဖို့မကောင်းဘူး"

system 091 Where stories live. Discover now