(2.19)

9K 829 32
                                    

Unicode

ရိမင်နှင့်ဟွမ်ချင်ရဲ့နှစ်ယောက်လုံးသည်ဒူးဖုံးဘောင်းဘီအတိုကိုယ်စီဖြင့်ရှပ်အင်ကျီအားဝတ်ဆင်ထားကြသည်။ရိမင်သည်နေကာမျက်မှန်အားတပ်ဆင်ထားကာမျက်နှာသေဖြင့်သဲသောင်ပြင်ထက်တွင်မတ်တပ်ရပ်နေသည်။

ဟွမ်ချင်ရဲ့၏ခေါင်းထက်တွင်အုန်းလက်ဖြင့်ပြုလုပ်ထားသည့်ဦးထုတ်အားဝတ်ဆင်ထားရင်းရှောင်ကျန့်အားစောင့်ဆိုင်းနေသည်။

နှစ်ယောက်လုံးမှာခြေတံရှည်ရှည်တွေဖြင့်အလွန်အကျူးချောမောခန့်ညားလွန်းတာကြောင့်မိန်းကလေးအုပ်စုတွေမှာထိုနေရာ၌ပင်ဝေ့လည်ကြောင်ပတ်ဖြင့်ဟိုလျှောက်လိုက်ဒီလျှောက်လိုက်လုပ်ကာရှိုးပြနေကြသည်။

ကံဆိုးချင်တော့ရိမင်နှင့်ဟွမ်ချင်ရဲ့၏အပြုအမူတွေအားလုံးမှာလုံးဝအေးစက်နေပြီးတစ်လောကလုံးသူတို့လုပ်စာထိုင်စားနေသည့်ရုပ်ဖြင့်တီတင်းနေကြသည်။ရိမင်နှင့်ဟွမ်ချင်ရဲ့တို့နှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက်အကွာအဝေးတစ်ခုခြား၍ကမ္ဘာ့ရန်ဘက်တွေကဲ့သို့ပြုမူနေကြသည်။

မကြာခင်၌ပင်တိုးဖွသည့်ခြေသံနှင့်အတူရှောင်ကျန့်ရောက်ရှိလာသည်။ရိမင်နဲ့ဟွမ်ချင်ရဲ့နှစ်ယောက်လုံးမှာအသံလာရာဆီသို့လှည့်ကြည့်မိလိုက်သည်နှင့်သူတို့မျက်လုံးတစ်စုံမှာလုံးဝပြူးကျယ်သွားသည်။

နေရောင်အောက်တွင်ရှောင်ကျန့်၏ပန်းရောင်သမ်းသည့်အသားအရေမှာတောက်ပလင်းလက်နေပြီးအချိုးအစားကျ၍သွယ်လျသည့်ပုခုံးသားလုံးလုံးလေးကိုလည်းမြင်တွေ့နေရသည်။သူ့ရဲ့ခါးလေးမှာတစ်ချက်လောက်ကိုင်မိရုံဖြင့်ပင်ကျိုးကြေသွားမည်ထင်ရသည်အထိသေးငယ်လွန်းနေသေးသည်။

သူ့ရဲ့ကြွက်သားမရှိသော်လည်းချပ်ရပ်နေသည့်ဗိုက်သားပြင်လေးမှာလူတွေအားမဟုတ်သည့်အရာတွေကိုတွေးမိစေသည်။အထူးသဖြင့်ရှောင်ကျန့်၏ကျေနပ်ပျော်ရွှင်နေသည့်မျက်နှာသေးသေးလေးဖြင့်ပါပေါင်းစပ်လိုက်ပါကလူတိုင်းအားမလွန်ဆန်နိုင်စွာညှို့ငင်နိုင်လွန်း၏။

ရှောင်ကျန့်ကယခုတွင်အပေါ်ပိုင်းဗလာဖြင့်ဒူးဖုံးသည့်ရေကူးဘောင်းဘီလေးတစ်ထည်သာဝတ်ဆင်ထားခဲ့သည်။တစ်ခြားယောက်ျားလေးတော်တော်များများသည်လည်းယခုကဲ့သို့သာဝတ်ဆင်ထားပေမယ့်ထိုသို့ဝတ်ဆင်သူမှာရှောင်ကျန့်သာဆိုပါကလုံးဝကိုကွဲပြားသွားပြီဖြစ်သည်။

system 091 Where stories live. Discover now