(3.3)

9K 869 63
                                    

Unicode

လူအသွားအလာများကာရှုပ်ထွေးနေသည့်ဈေးထဲတွင်အနက်ရောင်ခြုံထည်ဝတ်ဆင်ထားသည့်လူတစ်ယောက်ဟာအရာအားလုံးကိုကျော်ဖြတ်ရင်းလျှောက်လှမ်းနေသည်။

ဘေးပတ်ဝန်းကျင်ရှိလူတော်တော်များများကထိုအနက်ရောင်ဝတ်ရုံနှင့်လူအားသိသိသာသာတစ်မျိုး၊မသိမသာတစ်ဖုံခိုးခိုးကြည့်နေကြသည်။တစ်ခြားကြောင့်တော့မဟုတ်။၎င်းအနက်ရောင်ဝတ်ရုံနှင့်လူ၏ဘေးပတ်လည်တွင်အန္တရာယ်ရှိသည့်အရှိန်အဝါတွေပျံ့နှံ့နေခြင်းကြောင့်သာဖြစ်သည်။ထိုသူကိုကြည့်ရသည်မှာအလွန်ဒေါသထွက်နေပုံရ၏။လူတစ်ချို့ကထိုလူစိမ်းအားအနားရောက်တိုင်းရှောင်ရှောင်သွားကြသည်။

အမှန်တကယ်ကိုထိုဝတ်ရုံနက်နှင့်လူစိမ်းမှာမြို့စားအိမ်တော်ကနေတစ်ယောက်တည်းထွက်ခွာလာတဲ့ရှောင်ကျန့်သာဖြစ်သည်။ယခုအချိန်၌ရှောင်ကျန့်တကယ်ဒေါသထွက်နေသည်။

ဝံပုလွေနက်လေးကတော့ဝတ်ရုံနက်အောက်ရှိရှောင်ကျန့်ရင်ခွင်ထဲမှာနေရင်းထုံးစံအတိုင်းဇိမ်နှင့်နှပ်နေလေသည်။

ရှောင်ကျန့်သူ့ရဲ့မီးတောက်နေသည့်ခေါင်းအားနှိမ့်ချ၍သူ့ရင်ဘတ်မှာထွက်နေသည့်ဘုလုံးကြီးနှစ်လုံးအားကမ္ဘာ့ရန်ဘက်တွေကဲ့သို့စိုက်ကြည့်လိုက်သည်။

သူ့စိတ်ထဲကနေသူ့ကိုပစ္စည်းလိမ်ရောင်းသွားသည့်အုန်းသီးအားတစ်စစီဖြင့်အစိတ်စိတ်အမွှာမွှာဆွဲဖြဲချင်နေသည်။

ငါယိုးသားအုန်းသီး.....

အကြောင်းအရင်းကတော့အုန်းသီးဆီကဝယ်ခဲ့သည့်အသွင်ပြောင်းဟန်းချိန်းလေးကနေစသည်။၎င်းအသွင်ပြောင်းဟန်းချိန်းလေးမှာလူတစ်ယောက်၏ပုံပန်းသွင်ပြင်အားပုံရိပ်ယောင်အဖြစ်တစ်ခြားသူများအမြင်တွင်ပြောင်းလဲစေနိုင်သည်။ရှောင်ကျန့်ဝယ်ခဲ့သည့်၎င်းဟန်းချိန်းလေးကမထင်မှတ်ထားစွာပင်မိန်းမပုံစံပြောင်းလဲစေသည်။

တကယ်ကြီး......

တကယ့်ကိုမိန်းမပုံစံပြောင်းသွားတာဟ......

ဤသည်မှာအစစ်အမှန်မိန်းမတစ်ယောက်ဖြစ်သွားတာမဟုတ်ပေမယ့်လည်းရှောင်ကျန့်ကတော့ဒေါသထွက်နေတုန်းပဲ။

system 091 Where stories live. Discover now