(6.18)

5.2K 598 25
                                    

Unicode

"ဟို...ရှင်ကဒီက ကိုလူ....အဟမ်း....လူကြီးမင်းရဲ့ရည်းစားလား...."

"ရည်းစားမဟုတ်ဘူး...."

"ရှင်..."

"ချစ်သူ....ကျန့်ကောကငါ့ဘဝတစ်ခုလုံးနဲ့ရင်းပြီးချစ်ရတဲ့ငါ့ချစ်သူ...."

ချင်းလီ : "....."

ငါဘာကြောင့်ခွေးစာတွေစားနေရတယ်လို့ခံစားလိုက်ရတာပါလိမ့်။

အားအားယားယား : [အမလေး....ချိုမြိန်လိုက်တာ....အရမ်းroတတ်တာပဲ]

အဆင်လေးတွေသာညားရင်ငါ'ရှ'လည်းကျေနပ်တယ် : [ရွှတ်....သူ့စကားလုံးတစ်ခုဆီတိုင်းကစိတ်ရင်းနဲ့သူ့နှလုံးသားတစ်ခုလုံးကိုရင်းပြီးပြောနေမှန်းငါခံစားနိုင်တယ်....]

မယ်တော်ကြီး'ရှရှ' : [ငါရုတ်တရတ်ကြီးရည်းစားလိုချင်လာသလိုပဲ....]

ရှောင်ကျန့်ကဆွံ့အနေသည့်မျက်နှာထားဖြင့်ချင်းလီကိုအားနာသည့်ဟန်ဖြင့်တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်ဗျာ....ကျွန်တော့်ချစ်သူကနည်းနည်းတည့်တိုးဆန်လို့ပါ....ကျွန်တော်တို့ကိုသွားခွင့်ပြုပါဦးနော်...."

"အဲ...ခဏ...."

ချင်းလီအနေနဲ့ဒီလောက်ထိချောမောတဲ့အမျိုးသားနှစ်ယောက်ကိုဒီအတိုင်းကြီးပြန်မသွားစေချင်ပေ။ဒီမျက်နှာလေးတွေနဲ့သာဆိုရင်သူမတို့၏အစီအစဥ်မှာပို၍နာမည်ကျော်ကြားလာနိုင်သည်။

ဒါပေမယ့်ဒီယောက်ျားလေးနှစ်ယောက်မှာတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပုံပေါ်ပြီးသူမနဲ့ဓာတ်ပုံတွဲရိုက်ဖို့ရန်လက်ခံမည့်ဟန်မရှိပေ။သို့သော်....

"ဟိုလေ....ကျွန်မနဲ့ဓာတ်ပုံတွဲရိုက်ဖို့အတွက်မတောင်းဆိုတော့ပါဘူး....ဒါပေမယ့်ရှင်တို့နှစ်ယောက်ကိုစုံတွဲဓာတ်ပုံရိုက်ပြီးချန်နယ်မှာတင်ခွင့်ပေးနိုင်မလား...."

ဟေးလစ်ခ်ကမျက်မှောင်ကြုတ်လိုက်ပေမယ့်ရှောင်ကျန့်ကိုလှည့်ကြည့်လိုက်၏။သူ့အတွက်တော့သူ့ကိုကို၏သဘောထားမှာပို၍အရေးကြီးသည်။ရှောင်ကျန့်ကအားနာနာဖြင့်ပြုံးလိုက်သည်။ဓာတ်ပုံရိုက်ခွင့်ပြုလိုက်တာကသူတို့အတွက်နစ်နာစရာတော့မရှိပေ။

system 091 Where stories live. Discover now