(4.6)

7.1K 772 17
                                    

Unicode

ကျောင်းလေ့လာရေးခရီးစဥ်အတွက်ရှောင်ကျန့်ဟာမသွား၍မဖြစ်ပေ။

ကျောင်းလေ့လာရေးခရီးစဥ်ကမူလဇာတ်ကြောင်းရဲ့အရေးကြီးဆုံးသောသဲလွန်စဖြစ်တာကြောင့်သူ့ရဲ့pointsရပေါက်ကြီးကိုလက်လွှတ်ခံ၍မဖြစ်ချေ။

ရှောင်ကျန့်ကဇာတ်လိုက်ချင်းထန်ဆီမှာသူ့နာမည်ကိုသွားရောက်စာရင်းသွင်းသည်။

လိုအပ်မည်ထင်သည့်အသုံးအဆောင်အနည်းငယ်ကိုဝယ်ယူစုဆောင်းရင်းဖြင့်ကျောင်းလေ့လာရေးခရီးစဥ်စတင်မည့်ရက်ကိုစတင်ရောက်ရှိလာသည်။ကျောင်းလေ့လာရေးခရီးစဥ်တွင်လိုက်ပါနိုင်ဖို့ရန်အတွက်လိုက်ပါချင်သည့်ကျောင်းသားတွေဟာခရီးစဥ်အတွက်ငွေတစ်ချို့ပေးဆောင်ရသည်။

ရှောင်ကျန့်ရဲ့လတ်တလောအခြေအနေတွေအရ၎င်းမှာသူ့အတွက်ကိစ္စမရှိချေ။

busတစ်ချို့မှာကျောင်းကွင်းပြင်တစ်နေရာတွင်ရပ်လျက်ကျောင်းသားတစ်ချို့မှာလူစုံသည်အထိစောင့်ဆိုင်းနေကြသည်။မိန်းကလေးအုပ်စုတစ်ချို့မှာသူမတို့ပြင်ဆင်ထည့်ဆောင်လာသည့်မိန်းကလေးပစ္စည်းမျိုးစုံအားကြွားဝါရင်းပျော်ရွှင်နေကြသည်။

ဒီအိတ်လေးကဘယ်လောက်တောင်ပေးရတာ.....

ဒီနှုတ်ခမ်းနီလေးရဲ့အရောင်ကဘယ်လိုစိုပြီးဘယ်လိုဆိုးလို့ကောင်းတာ.....

ဒီဂါဝန်လေးကိုဘယ်နေရာမှာဘယ်လောက်ဈေးနဲ့ဝယ်တာ.....

စသည်ဖြင့်မိန်းကလေးဆိုင်ရာထူးခြားဆန်းကြယ်သည့်အရာတွေနှင့်ပြည့်နှက်နေပြီးယောက်ျားလေးတွေအတွက်တော့လုံးဝနားမလည်နိုင်သည့်ဂြိုလ်သားစကားတွေနဲ့တောင်တူသေးသည်။

"ချင်းထန်.....မင်းဒီနေ့အရမ်းတွေခန့်ညားနေပါလား"

ပိုင်မင်ကသူ့ရဲ့မျက်မှန်ကိုတစ်ချက်လောက်ပင့်တင်လိုက်ရင်းဇာတ်လိုက်ချင်းထန်ကိုဘယ်ပြန်ညာပြန်ကြည့်ရင်းချီးကျူးလိုက်သည်။

ချင်းထန်ကပြုံးရုံသာပြုံးလိုက်ပေမယ့်သူ့ဘေးနားရှိဇာတ်လိုက်မယင်းမီကဂုဏ်ယူဝင့်ကြွားဟန်ဖြင့်ဝင်ဖြေလာသည်။

system 091 Where stories live. Discover now