(2.9)

9.3K 886 12
                                    

Unicode

ရှောင်ကျန့်သတိရလာတော့အရင်ဆုံးမြင်လိုက်ရသည်ကအဖြူရောင်ဆေးရုံမျက်နှာကျက်ကြီးသာဖြစ်သည်။

ရှောင်ကျန့်ဟာယခုလောလောဆည်၌ဆေးသွင်း၍ဆေးရုံကုတင်ထက်တွင်လှဲနေခြင်းဖြစ်သည်။

"မောင်....မောင်လေးနိုးလာပြီ"

ကျန့်နင်လေးသည်ဆေးရုံကုတင်ဘေးတွင်ထိုင်စောင့်နေရင်းရှောင်ကျန့်နိုးလာသည်ကိုမြင်သည်နှင့်အသည်းအသန်အပြင်သို့ထွက်၍ဆရာဝန်များကိုသွားခေါ်သည်။

ရှောင်ကျန့်ကသူ့ရဲ့နောက်ဆုံးသောမှတ်ဥာဏ်တွေအားပြန်လည်စဥ်းစား၍သူနှလုံးဖောက်ပြီးသတိလစ်သွားခဲ့မှန်းသိသွားသည်။

'အုန်းသီး ငါ......"

[တော်သေးတာပေါ့hostရယ်!!!!
အချိန်မှီလေးရဲတွေရောက်လာလို့.....
မဟုတ်ရင်hostအဲ့ဒီနေရာမှာတင်
တစ်ခုခုဖြစ်သွားနိုင်တာကိုသိရဲ့လား!!!!!
အရမ်းနမော်နမဲ့နိုင်တာပဲ....နောက်တစ်ခါ
သတိထားနေစမ်းပါhostရဲ့.....
ကျွန်တော့်မှာဘယ်လောက်ထိစိတ်ပူ
သွားရတယ်မှတ်လည်း....နောက်
ကမ္ဘာတွေကျရင်ကျွန်သေချာပေါက်
ကျန်းမာတဲ့ခန္ဓာကိုယ်လေးတွေကို
အတတ်နိုင်ဆုံးရွေးပေးပါ့မယ်.....
ဒီကမ္ဘာလေးတစ်ခုတည်းကို
သည်းခံပြီးအတတ်နိုင်ဆုံးငြိမ်ငြိမ်လေး
နေပေးစမ်းပါ.....အရင်ဘဝတုန်းက
လည်းအဆိပ်မိပြီးခံစားလာခဲ့
ရတာပဲမဟုတ်လား!!!!
ဒါကြောင့်ကိုယ့်ကိုယ်ကိုဂရုစိုက်ပေး
ပါ...]

ရှောင်ကျန့် : "....."

အုန်းသီးကငါ့အမေလားပဲ.....

ရှောင်ကျန့်ကအုန်းသီးရဲ့မှာတမ်းအရှည်ကြီးနှင့်အဖွားကြီးကဲ့သို့ပွစိပွစိအပြောခံနေရခြင်းကြောင့်သူ့ကိုယ်သူတောင်အမေတစ်ယောက်ကောက်ရသွားသလိုခံစားရသည်။

မကြာခင်၌ပင်ရိအိမ်၏အိမ်ဖော်မလေးတစ်ဦးနှင့်ကျန့်နင်အပါအဝင်ဆရာဝန်တွေဝင်လာကြပြီးရှောင်ကျန့်ကိုအမျိုးမျိုးစစ်ဆေးသည်။အတော်ကြာစစ်ဆေးပြီးရှောင်ကျန့်သက်သာသွားမှန်းသေချာမှဆောင်ရန်ရှောင်ရန်အချက်များကိုအိမ်ဖော်မလေးအားမှာကြား၍အခန်းအတွင်းမှထွက်သွားကြသည်။ဆရာဝန်တွေထွက်သွားပြီးမကြာခင်လေးမှာပဲရိပါးသည်ဆေးရုံဝတ်စုံဝတ်ဆင်ထားသည့်ဖြူဖျော့နေသောရိမားကိုတွဲခေါ်ကာအခန်းထဲခေါ်လာသည်။

system 091 Where stories live. Discover now