Unicode
ရှောင်ကျန့်system spaceထဲပြန်ရောက်သည်နှင့်အုန်းသီး၏အသံသေးအသံကြောင် ကိုစတင်ကြားလိုက်ရသည်။
"ဂုဏ်ပြုပါတယ်host....ပထမဆုံးကမ္ဘာရဲ့missionကို အကြမ်းဖျင်း ပြီးမြောက်သွားတဲ့အတွက်ပါ...."
ရှောင်ကျန့်ဟာခုန်ပေါက်နေတဲ့အုန်းသီးနဲ့မတူစွာ ငြိမ်သက်နေခဲ့သည်။ သူ့မျက်လုံးထဲတွင် သူသေခါနီးချိန်၌ရူးသွပ်မတတ် အပြေးအလွှားလာနေသည့် ဝမ်ရိပေါ်ကိုသယမြင်ယောင်နေမိသည်။
သူမှားများမှားသွားပြီလား။
ရှောင်ကျန့်ဟာ ထိုကမ္ဘာမှထွက်ခွာရန်ဆုံးဖြတ်လိုက်သည့် သူ့ရဲ့ဆုံးဖြတ်ချက်ကိုပင်နောင်တရသလိုရှိလာသည်။ အဓိကဇာတ်လိုက်နဲ့ သူ့ကိုရုတ်တရတ်ကြီးလုပ်ကြံခဲ့တဲ့ဖိန့်ချီအတွက်တော့ သူမစိုးရိမ်ပေ။ အစတည်းက အုန်းသီးကိုရည်ရွယ်ချက်ရှိရှိ အဆိပ်ကိုဖိနှိပ်ရုံသာဖိနှိပ်ခိုင်းထားပြီး မြန်မြန်သေဖို့အကြောင်းပြချက်ကောင်းတစ်ခုရှာခဲ့ရုံပင်ဖြစ်သည်။ ချန်လင်းရန်နဲ့ဖိန့်ချီတို့နှစ်ယောက်ရဲ့ကံကြမ္မာကတော့ သေချာပေါက်အဆုံးသတ်ကောင်းမည်မဟုတ်ပေ။
ချန်လင်းရန်လုပ်ခဲ့သမျှလုပ်ရပ်တိုင်းက နစ်နာခဲ့ရသည့်ကျင့်ကြံရေးမိသားစုတွေ၏လက်စားချေမှုကိုသေချာပေါက်ကြုံတွေ့ရပေလိမ့်မည်။ တကယ်လို့ကျင့်ကြံရေးမိသားစုကြီးတွေရဲ့လက်ကနေလွတ်အောင်ပြေးနိုင်ရင်တောင် သူတို့ရဲ့ဧကရာဇ်ကိုသတ်ခဲ့သည့်တရားခံနှစ်ယောက်ကို မှော်သားရဲတွေက လုံးဝအလွတ်ပေးမည်မဟုတ်တာသေချာသည်။
ဖိန့်ချီအတွက်ကတော့.... ဒီတစ်ယောက် ဘယ်ကနေဘယ်လိုထွက်လည်မှန်း သူလည်းမသိပေ။ ဒါပေမယ့် သူလည်းလွတ်မည် မဟုတ်တာတော့ သူသိသည်။ ဝမ်ရိပေါ်ကသူ့အပေါ်ဒီလောက်ထိခင်တာ။ သူ့ကိုသတ်ခဲ့တဲ့လက်သည်တရားခံကိုလွယ်လွယ်လွှတ်ပေးဖို့ဖြစ်နိုင်မယ်တဲ့လား။
ရှောင်ကျန့်မျက်နှာလေးမှာ ပိုမိုညှိုးငယ်သွားသည်။ ထိုအချိန်ကဝမ်ရိပေါ်၏သွေးပျက်နေသည့်ပုံစံမှာ သူ့ရင်ကိုလွန်စွာနာကျင်စေသည်။ ရှောင်ကျန့်သူ့ရင်ဘက်ကိုသူဆုတ်ကိုင်လိုက်မိသည်။ ဒါပေမယ့်ထိုထွက်ပေါ်လာသည့်ခံစားချက်မှာ ဘာလဲဆိုတာသူမသိချေ။
ESTÁS LEYENDO
system 091