Unicode
ထိုနေ့ကကို့ယို့ကားယားပြန်လည်တွေ့ဆုံမှုအပြီးတွင် လင်သုန့်ဟာမျက်နှာပြောင်တိုက်တိုက်ဖြင့်စံအိမ်ကြီးတွင်လာရောက်နေထိုင်သည်။အယ်ဗင်ကမကျေမနပ်ဖြင့်ပြောချင်သော်လည်းပဲသူ့သားတော်မောင်ဟေးလစ်ခ်၏တစ်ချက်လွှတ်အမိန့်တော်ကြောင့်ဆူပုတ်ပုတ်မျက်နှာဖြင့်သဘောတူလိုက်ရသည်။
ရှောင်ကျန့်ဟာသူ့ကတိအတိုင်းအယ်ဗင်ကိုအရသာဖြည့်သွင်းထားသည့်သွေးအိတ်အမြောက်အများပြုလုပ်ပေးခဲ့သော်လည်းပဲစံအိမ်ကအလုပ်သမားတစ်ယောက်မဟုတ်တော့တာကြောင့်အချိန်တိုင်းပြုလုပ်ပေးဖို့ရန်တော့မလိုအပ်တော့ပေ။သူတို့ကတိထဲ၌ရှောင်ကျန့်အနေနဲ့စံအိမ်ကြီးထဲတွင်အလုပ်သမားဖြစ်နေသမျှကာလပတ်လုံးအရသာရှိတဲ့သွေးအိတ်တွေမကုန်မခမ်းသောက်နိုင်လိမ့်မည်ဟုသာ။
ဒါကြောင့်အယ်ဗင်အနေနဲ့အနည်းငယ်စိတ်ဓာတ်ကျမိသည်။
ပိုပြီးဆိုးတာကထိုနေ့မှစ၍လင်သုန့်ဟာအယ်ဗင်နောက်ကော်တရာကပ်စီးလေးလိုတစ်ကောက်ကောက်လိုက်နေခြင်းပင်။ဟိုသွားလည်းလိုက်၊ဒီသွားလည်းလိုက်၊နောက်ဆုံးအိမ်သာတတ်ရင်တောင်အနောက်ကလိုက်တတ်မယ့်ပုံစံကြောင့်အယ်ဗင်မှာတဖြည်းဖြည်းဒေါပွလို့လာသည်။
"မင်း!!ဘာလို့ငါ့နောက်ပဲတစ်ကောက်ကောက်လိုက်နေရတာလဲ!!"
"ကျ....ကျွန်တော်...."
ဘင်သုန့်ဟာသူ့လက်တွေကိုဆုပ်လိုက်ဖြန့်လိုက်လုပ်နေရင်းကနေသတ္တိတွေအားလုံးကိုစုစည်းလိုက်သည်။၎င်းနောက်သူ့မျက်လုံးတွေကိုမဝံ့မရဲပိတ်ချလိုက်ပြီးအော်ပြောလိုက်၏။
"ကျွန်တော်....အယ်ဗင့်ကိုချစ်တယ်!!!ဒါကြောင့်ကျွန်တော့်အချစ်ကိုလက်ခံပေးပါ!!!!"
အယ်ဗင် : "....."
အယ်ဗင်၏အမြဲတစေတင်းမာခက်ထန်နေသည့်မျက်နှာချောချောမှာချက်ချင်းကြောင်အ သွားဟန်ပေါ်ပေါက်လာသည်။သူ့ပါးစပ်မှာပွင့်ဟနေပြီးလင်သုန့်ကိုမယုံကြည်နိုင်သည့်ပုံဖြင့်စိုက်ကြည့်သည်။နှစ်ပေါင်းသိန်းနဲ့ချီလူပျိုကြီး ဖြစ်ခဲ့သည့်အယ်ဗင်ဟာအသက်နှစ်ဆယ်ကျော်သာရှိသေးသည့်လူငယ်တစ်ယောက်ထံမှပထမဦးဆုံးအကြိမ်ဖွင့်ပြောခံလိုက်ရသည်။
YOU ARE READING
system 091