(1.27) [Return]

3.6K 480 28
                                    

Unicode

ရှောင်ကျန့်အချိန်အတော်ကြာကြောင်ကြည့်နေမိသည်။ သူတို့အနောက်ကနေ အခုမှလိုက်ထွက်လာသည့် ပိုင်ရှန်းကိုယ်တိုင်လည်း နတ်ဆိုးတိုင်းပြည်၏ယိုယွင်းပျက်စီးမှုအလုံးစုံကိုမြင်ပြီးနောက် ကြောင်သွား၏။

"ဘာ...ဘာတွေဖြစ်ကုန်တာလဲ"

သူတို့သုံးယောက်ကိုမြင်သည့်အခါတွင် အနီးအနားမှာရှိတဲ့ အသိဥာဏ်မရှိသည့် အဆင့်နိမ့်တစ္ဆေတစ်ချို့ ပြေးဝင်လာသည်။ ကံဆိုးသူမောင်ရှင် တစ္ဆေအုပ်စုဟာ အနားမရောက်ခင်မှာတင် နက်ရွှေရောင်မီးတောက်၏ အစအနမကျန်ပြာချခြင်းကိုခံလိုက်ရသည်။

ပိုင်ရှန်းက ရှောင်ကျန့်နှင့်ဝမ်ရိပေါ်၏တုံ့ပြန်မှုကိုတောင်မစောင့်ဆိုင်းတော့ပါပဲ အားနည်းနေသည့် နတ်ဆိုးတွေကိုကာကွယ်ဖို့ရန်ပြေးထွက်သွားသည်။

ရှောင်ကျန့် သူ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။

'အုန်းသီး'

[ဟုတ်]

'နတ်ဆိုးတွေဘယ်လိုဖြစ်ကုန်တာလဲ'

နတ်ဆိုးတိုင်းက အဆင့်နိမ့်နတ်ဆိုးတစ်ကောင်ဖြစ်နေရင်တောင် ထိပ်တန်းအဆင့်ကျင့်ကြံသူကိုခေါင်းပြောင်သွားစေနိုင်စွမ်းရှိသည်။ သူတို့က မွေးရာပါ မြင့်မားသောစွမ်းအားကိုပိုင်ဆိုင်ထားသူဖြစ်ပြီး နတ်ဘုရားတွေနဲ့တောင် ယှဥ်ပြိုင်တိုက်ခိုက်ပြီး တန်းတူရပ်တည်နိုင်ခဲ့သူတွေဖြစ်သည်။ သို့ပေမယ့် ထိုသို့စွမ်းအားကြီးမားလွန်းလှပါသည်ဆိုသော နတ်ဆိုးတွေဟာ လမ်းမအနှံ့ တစ်ကိုယ်လုံးပျော့ခွေစွာလဲကျနေပြီး ဘယ်လိုကြည့်ကြည့်အရမ်းအားနည်းနေမှန်းသိသာနေသည်။

[ခဏ...]

'.....'

[ကျွန်တော်သိပြီ....သူတို့ နတ်ဆိုးသတ် အဆိပ်မိနေတာပဲ]

'ရှင်းပြ'

[နတ်ဆိုးသတ်အဆိပ်ဆိုတာ ရှေးမရေမတွက်နိုင်တဲ့ခေတ်တွေတည်းက တည်ရှိလာတဲ့ရှားပါးအဆိပ်တစ်မျိုးပဲ....အဲ့ဒီအဆိပ်က နာမည်နဲ့လိုက်အောင် နတ်ဆိုးတွေအပေါ်မှာအာနိသင်ပြင်းထန်လွန်းတယ်.....နတ်ဘုရားနဲ့နတ်ဆိုးစစ်ပွဲမှာ နတ်ဆိုးတွေကိုထိန်းချုပ်နိုင်ဖို့ နတ်ဆိုးသတ်အဆိပ်ကို နတ်ဘုရားတွေကအသုံးပြုခဲ့ကြတာ....အဲ့ဒီအဆိပ်ကြောင့် နတ်ဆိုးတွေစစ်ရှုံးလုဆဲဆဲအချိန်မှာ နတ်ဆိုးဧကရာဇ်ပေါ်လာလို့သာ အခြေအနေက ပြောင်းပြန်လှန်သွားခဲ့တာဗျ....နတ်ဘုရားမျိုးနွယ်စုတစ်ခုလုံးကို မျိုးတုန်းသတ်ဖြတ်ပြီးသွားတဲ့နောက်မှာ နတ်ဆိုးဧကရာဇ်က လောကမှာရှိတဲ့ နတ်ဆိုးသတ်အဆိပ်အားလုံးကို ဖျက်ဆီးခဲ့တယ်လေ....အဲ့ဒါကြောင့် နတ်ဆိုးသတ်အဆိပ်ဆိုတာ ဒဏ္ဍာရီထဲမှာပဲရှိတော့တယ်....]

system 091 Where stories live. Discover now