Unicode
"ဟွမ်ချင်ရဲ့...."
"အင်း"
ဟွမ်ချင်ရဲ့၏နူးညံ့ကာပြုံးယောင်သမ်းနေသောမျက်နှာအားကြည့်ရင်းရှောင်ကျန့်မှာအနည်းငယ်ကြောင်အမ်းအမ်းဖြစ်နေခြင်းကိုခံစားရသည်။
နောက်ဆုံးမှာတော့တစ်ချိန်လုံးပျောက်ကွယ်နေသူဇာတ်လိုက်မှာပေါ်လာခဲ့ပြီဖြစ်သည်။
ပိုင်လုကရှောင်ကျန့်ရဲ့အမူအရာကိုကြည့်ကာတစ်စုံတစ်ခုအားစဥ်းစားမိသွားသည်။
"မင်းတို့နှစ်ယောက်ကသိနေကြတာလား...."
ရှောင်ကျန့်ကခေါင်းငြှိမ့်ပြသည်။
ဝူရန်ကျင်းကတော့သူ့လက်မောင်းသူပွတ်သပ်လိုက်ရင်းရှောင်ကျန့်နဲ့ပတ်သတ်တဲ့သူတွေကတစ်ယောက်မှပုံမှန်မဟုတ်ပါလားလို့တွေးမိသွားသည်။ဒီလူကိုဥပမာပြရရင်အခုရှောင်ကျန့်ရှေ့မှာရိုးသားတဲ့အပြုံးလေးတစ်ခုကိုပြုံးပြရင်းနူးညံ့နေပေမယ့်တကယ့်ပုံစံအမှန်မှာဘယ်လောက်ထိသွေးအေးပြီးကြောက်စရာကောင်းကြောင်းကိုမျက်မြင်ကိုယ်တွေ့ကိုကြုံပြီးသွားပြီဖြစ်သည်။
ကျန့်ရင်ဒီအခန်းထဲကိုမရောက်ခင်ကဆိုရင်တစ်ခန်းလုံးအေးစက်နေပြီးသက်တော်စောင့်လူထွားကြီးတွေတောင်မှတစ်စက်ကလေးမှမလှုပ်ရှားရဲပါပဲကြောက်စရာကောင်းစွာတိတ်ဆိတ်နေခဲ့သည်။
ကျန့်ရင်အခန်းထဲစဝင်လိုက်တာနဲ့အခန်းတွင်းလေထုမှာနွေဦးရောက်သလိုလန်းဆန်းတတ်ကြွသွားသည်ကိုလူတိုင်းခံစားမိကြသည်မဟုတ်ပါလား။
အမှန်တော့ထိုလူစိမ်းတစ်ယောက်တည်းတင်ကြောက်ဖို့ကောင်းတာမဟုတ်ပဲကျန့်ရင်၏ညီလေးကိုယ်တိုင်ကလည်းဘယ်လောက်တောင်စိတ္တဇဆန်မှန်းပိုင်လုနှင့်သူကိုယ်တိုင်ကိုယ်တွေ့ကြုံဖူးကြသည်။
သူတို့နဲ့ကျန့်ရင်တို့အမွှာနှစ်ယောက်မှာအလယ်တန်းစတတ်တုန်းကစတင်ခင်မင်ခဲ့တာဖြစ်သည်။ထိုအချိန်ကကျန့်ရင်နဲ့သူတို့မှာအသက်၁၂နှစ်သာရှိသေးသည်။
ထိုနေ့ကသူတို့ကျန့်ရင်ရဲ့အိမ်သို့အလည်အပတ်သွားကြသည်။၁၀နှစ်အရွယ်ရိမင်လေးမှာကျန့်ရင်တွင်သူငယ်ချင်းရှိကြောင်းသိသွားသည်နှင့်မျက်နှာအကြီးအကျယ်ပျက်သွားကြောင်းကိုပင်မှတ်မိသေးသည်။
YOU ARE READING
system 091