(1.18) [Return]

4.6K 581 34
                                    

Unicode

ဝမ်ရိပေါ်ဟာ သူ့လက်အောက်ငယ်သား၏စကားကြောင့် ကိုယ်တိုင်ကိုယ်ကျ ကြောင်တောင်တောင်ဖြစ်သွားတာကိုတော့ငြင်းဆန်မရပေ။ သူမတုံ့ပြန်ရသေးခင်မှာပဲ သူ့ရင်ခွင်ထဲက လူသားသေးသေးလေးရဲ့ ငိုသံအကျယ်ကြီးဟာ တိတ်ဆိတ်သွားရင်း လက်မောင်းတွေကြားထဲကနေ လှစ်ကနဲခုန်ဆင်းသွားသည်။

ဒါကသူလိုချင်နေသည့်အရာဖြစ်သော်လည်းပဲ ထိုလူသား၏ ကိုယ်ငွေ့ သူ့လက်မောင်းထဲက ပျောက်ကွယ်သွားချိန်တွင် ရင်ဘတ်တစ်ခုလုံး လစ်ဟာ သွားသလိုမျိုး ခံစားချက်တစ်ခုက အရှိန်ပြင်းပြင်းဖြင့်ရိုက်ခတ်လာသည်။ သူ့လက်တွေကိုငုံ့ကြည့်ရင်း အမည်ဖော်မရတဲ့ အေးစက်မှုနဲ့ ဒေါသက သူ့ရင်ထဲ ကြောက်မက်ဖွယ်ကောင်းအောင်ပေါ်ပေါက်လာ၏။

အေးစက်ခက်ထန်လွန်းလှသည့် မျက်လုံးတွေဖြင့် ထိုလူသားကိုကြည့်မိလိုက်သော်လည်းပဲ ရှောင်ကျန့်၏ ဒေါသအပြည့်နဲ့ဖောင်းအစ်နေသောမျက်လုံးလေးတွေကိုမြင်လိုက်ရတဲ့အခါတွင် သူ့ရဲ့ပရမ်းပတာခံစားချက်အားလုံးမှာ ရေခဲရေနဲ့လောင်းချခံလိုက်ရသလိုပင်။ အရာအားလုံးကြက်ပျောက်၊ငှက်ပျောက်ဖြင့် သူဘာများအမှားလုပ်မိလဲလို့အတွေးဝင်မိသွားသည်။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သူဘာကြောင့် လူသားတစ်ယောက်အတွက် တွေးပေးနေရတာလဲဟု ပြန်စဥ်းစားမိသွား၏။

ကြည့်ရတာ သူတကယ်ရူးသွားပြီထင်၏။

ရှောင်ကျန့်က ဝန်ရိပေါ်နဲ့ နတ်ဆိုးအုပ်စုကိုကြည့်ရင်း နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

သူ့ရဲ့ ငိုယိုထားသည့်အတွက် ဖောင်းအစ်နေသော မျက်လုံးလေးတွေကိုပွတ်သပ်လိုက်ရင်း ဝမ်းနည်းစိတ်ကိုဖြေရှင်းပြီးသွားတော့ ကျန်ရစ်ခဲ့သည့် ဒေါသတွေကို မထိန်းချုပ်နိုင်ဖြစ်လာသည်။

သူကတော့ ထားခဲ့မိလို့ သူ့ကိုယ်သူအပြစ်တင်နေမိခဲ့တာ။ ဒီကိုပြန်လာဖို့ ဘယ်လောက်ထိ အနစ်နာခံခဲ့ရတယ်ထင်လဲ။ အားနည်းလွန်းတဲ့ခန္ဓာကိုယ်ကိုလည်း တုံ့ဆိုင်းခြင်းမရှိ လက်ခံခဲ့သည်။ သူဗိုက်ဆာနေရင်လည်း လက်ခံသည်။ သူ ပင်ပင်ပန်းပန်းလျှော်ဖွတ်ထားတဲ့အဝတ်တွေ မီးလောင်ကုန်တာလည်းလက်ခံသည်။ အသက်အန္တရာယ်ကျရောက်ခဲ့တာတောင် သူ့ယောက်ျားကိုတွေ့ဖို့ဆိုတဲ့စိတ်နဲ့ အရာအားလုံး လက်ခံခဲ့သည်။

system 091 Where stories live. Discover now