Unicode
"မင်း....မင်းဘယ်အချိန်တုန်းကလက်တွဲဖော်ရသွားခဲ့တာလည်း"
"အင်း....တော်တော်ကြာပြီ"
ရှောင်ကျန့်မလိမ်ပေ။သူနဲ့သူ့ချစ်သူကဒီကမ္ဘာအပါအဝင်ဆိုသုံးခုမြောက်ဘဝတောင်ရင်းနှီးခဲ့ကြတာလေ။
ရှောင်ကျန့်ကပုခုံးတွန့်လိုက်ရင်းဂျိတ်ခ်တို့မောင်နှမတို့နဲ့အတူကွင်းပြင်ထဲသို့လျှောက်လာကြသည်။ကွင်းပြင်ထဲသို့ရောက်သည်နှင့်ရိန်း၊ဝူလစ်စ်နှင့်နတ်သူငယ်ညီအစ်ကိုနှစ်ယောက်ဟာရှောင်ကျန့်တို့ရှိရာဆီသို့ရောက်လာသည်။
"ဟိုင်း.....မင်းသားဖေးလစ်...
မင်းရဲ့နာမည်ကတော့ကြားဖူးတာကြာနေပြီ....ငါမင်းနဲ့တိုက်ခိုက်ချင်နေခဲ့တာ"ဝူလစ်စ်ကတတ်ကြွစွာဖြင့်ရှောင်ကျန့်ကိုကြည့်ရင်းပြောသည်။အနီရောင်ဆံပင်နှင့်ရိန်းတောင်မှသူ့ရဲ့မျက်မှန်ကိုပင့်တင်ရင်းခေါင်းငြှိမ့်ထောက်ခံသည်။နတ်သူငယ်မေးလ်ကရှောင်ကျန့်ကိုမသိနားမလည်ဟန်ဖြင့်စိုက်ကြည့်လိုက်ရင်းသူ့ရဲ့အစိမ်းရောင်ဆံပင်တွေကိုကုတ်လိုက်သည်။
"ဟို.....ဒါနဲ့လေ....မင်းသားဖေးလစ်....ကျွန်တော်တို့တစ်နေရာရာမှာများတွေ့ဖူးကြသေးလားဟင်...."
မေးလ်ကအထူးသဖြင့်ရှောင်ကျန့်ရဲ့ထင်ရှားလွန်းတဲ့ငွေပြာရောင်ဆံနွယ်ရှည်တွေကိုကြည့်ရင်းဇဝေဇဝါဖြင့်မေးသည်။
ဒီဆံပင်အရောင်ကဖေးလ်နဲ့မေးလ်ညီအစ်ကိုအတွက်လွန်စွာရင်းနှီးလွန်းနေသည်။
"လောကမှာနာမည်တူမရှား၊လူတူမရှားတဲ့"
ရှောင်ကျန့်ကထိုသို့သာပြော၍နောက်ဆက်တွဲမေးခွန်းများကိုတားဆီးလိုက်သည်။နတ်သူငယ်ညီအစ်ကိုနှစ်ယောက်ဟာအူတူတူ၊အ,တတရုပ်လေးတွေဖြင့်ကြည့်နေရုံသာတတ်နိုင်ကြသည်။
ရိုင်နယ်တေးကသူ့ဇနီးလေးကိုသာဖက်တွယ်ထားရင်းဘယ်သူ့ကိုမှဂရုစိုက်ခြင်းမရှိချေ။
လူစုံသွားသည့်အခါတွင်ကွင်းပြင်ထဲသို့လူသုံးဦးဝင်ရောက်လာသည်။ထိုလူသုံးဦးတွင်နှစ်ဦးမှာချောမောတဲ့လူငယ်တွေဖြစ်ကြပြီးကျန်တစ်ဦးမှာသတ်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးဖြစ်သည်။ထိုသတ်လတ်ပိုင်းလူကြီးမှာမှော်မျှော်စင်ရဲ့အကြီးအကဲတစ်ဦးဖြစ်သည်။
YOU ARE READING
system 091