(5.19)

6.5K 655 89
                                    

Unicode

"မွေးစားအဖေ....အဖေဘာကိုပြောချင်တာလဲဟင်...."

ရှောင်ကျန့်ကဘာမှပြန်မဖြေပေ။သူကဝှစ်ကနဲဖြင့်ဟူယွဲ့အားဖြတ်ကျော်သွားပြီးစားပွဲပေါ်တင်ထားသည့်ကျောင်းသားသစ်တွေရဲ့ကိုယ်ရေးအချက်အလက်စာရွက်တစ်စုကိုကောက်ကိုင်လိုက်သည်။

ထိုစာရွက်တွေထဲမှသူ့အကြောင်းရေးသားထာသည့်စာရွက်ကိုရွေးထုတ်လိုက်ပြီးဟူယွဲ့ဆီထောင်ပြလိုက်သည်။

"ဒီမှာလေ....ငါ့ရဲ့ကိုယ်ရေးအချက်အလက်အကြောင်းမှတ်တမ်းတင်ထားတယ်....ငါကဒီနေ့မှအသစ်ဝင်လာတဲ့ကျောင်းသားသစ်လို့လည်းပြောရတယ်...."

ဟူယွဲ့ : "....."

ဟူယွဲ့မှာရှောင်ကျန့်ကိုပါးစပ်အဟောင်းသားဖြင့်ဆွံ့အမှင်သပ်စွာကြည့်နေမိသည်။ပြီးမှအနည်းငယ်အသိစိတ်ပြန်ကပ်လာပြီးတုန်ရီချင်နေတဲ့သူ့အသံကိုမနည်းထိန်းချုပ်ပြီးပြောလိုက်သည်။

"မွေး.....မွေးစားအဖေ....အဖေဘာတွေလုပ်နေတာလဲဟင်...."

မွေးစားအဖေကကြီးမြတ်တဲ့ရေသူဘုရင်ပါဗျာ....ဘောက်မဲ့ကြောင့်ဆယ်ကျော်သက်ကျောင်းသားလေးလိုဟန်ဆောင်ပြီးကိုယ့်သားဆီမှာကျောင်းသားလာလုပ်ရတာလဲလို့.....

ကြီးမြတ်လှတဲ့အရှင်ဖူလင်းရေ.....
အဖေ့ရဲ့အတွေးတွေကိုဒီသားလည်းတစ်ခုမှနားမလည်ပါ့လား....

"အိုး....ဒါနဲ့....အဖေမင်းကိုသတင်းကောင်းနဲ့သတင်းဆိုးနှစ်ခုပြောစရာရှိတယ်....ဘယ်တစ်ခုကိုအရင်နားထောင်ချင်လဲ...."

ရှောင်ကျန့်ကဟူယွဲ့မျက်နှာထက်ရှိတွန့်လိမ်နေမှုကိုသတိမထားမိစွာဖြင့်တစ်စုံတစ်ခုကိုသတိရသွားကာပြောသည်။သူ့မျက်လုံးလေးတွေမှာတစ်လဲ့လဲ့တောက်ပနေပြီးမြင်တွေ့မိသူတိုင်း၏ရင်ကိုဖိုးသိုးဖက်သပ်ဖြစ်သွားစေနိုင်သည်အထိလှရက်နိုင်လွန်းသည်။

ဒါပေမယ့်ဘာကြောင့်ရယ်မှန်းမသိပါပဲဟူယွဲ့၏ရင်ထဲတွင်တော့မကောင်းတဲ့ခံစားချက်တွေကိန်းအောင်းလာသလိုခံစားနေရသည်။

ရှောင်ကျန့်ရဲ့ပုံမှန်ထက်တောက်ပလွန်းတဲ့ပင်လယ်ပြာရောင်မျက်ဆံတွေ၏အကြည့်အောက်တွင်ဟူယွဲ့မှာတံတွေးမြိုချလိုက်ပြီးပြန်ဖြေလိုက်ရသည်။

system 091 Where stories live. Discover now