(6.7)

5.1K 622 66
                                    

Unicode

"သခင်ကြီးကမင်းတို့ကိုဒီမှာညအိပ်ဖို့ခွင့်ပြုတယ်တဲ့....ဟမ်...ဒါနဲ့မင်ယွင်ရော...."

ဆိုဘတ်ကနွေးထွေးသည့်အပြုံးတစ်ပွင့်နဲ့အတူအပေါ်ထပ်မှဆင်းလာရင်းရှောင်ကျန့်ကိုမတွေ့သည့်အခါမေးလာ၏။အခုချိန်ထိကလေးသေးသေးလေးအပေါ်ကြောက်စိတ်မပြေသေးသည့်အုပ်စုမှာသူ့ကိုပြူးကြောင်ကြည့်လာသည်။

မနေနိုင်သည့်လင်သုန့်မှာနောက်ဆုံးထွက်ပြောလိုက်ရသည်။

"ခု...ခုနက,ကလေးတစ်ယောက်ရောက်လာပြီးလုမင်ယွင်ကိုအိပ်ချင်တယ်ဆိုပြီးခေါ်သွားတယ်...."

ဆိုဘတ်ကချင်ချင်းနားလည်သွားသည်။ဒီဒူးမနာသားလေးကမင်ယွင်ကိုဘယ်လောက်ထိတောင်တွယ်ကပ်ပြီးဥစ္စာခြောက်တတ်မှန်းအတူနေလာသည့်တစ်လျောက်စံအိမ်တစ်ခုလုံးသိနေကြပြီဖြစ်သည်။ဒီလိုသူစိမ်းအုပ်စုနဲ့လုမင်ယွင်ကိုဧည့်ခံဖို့ခွင့်ပြုခဲ့သည့်သူ့အတွက်သခင်ငယ်လေးသာသိရင်။

ထားလိုက်ပါတော့။ဖြစ်တာကဖြစ်ပြီးသွားပြီပဲ။ဆိုဘတ်ကစိတ်နာစွာသက်ပြင်းချ၍လက်ခုပ်တစ်ချက်တီးလိုက်သည်။ချက်ချင်းပင်အရိပ်ကျသည့်ထောင့်တစ်နေရာကနေအိမ်စေအမျိုးသားတစ်ယောက်ထွက်ပေါ်လာတာကြောင့်လူငယ်အုပ်စုမှာချက်ချင်းလန့်ဖြန့်သွားရှာသည်။

ဆိုဘတ်ကမထူးမခြားနားသလိုကြည့်၍ရုပ်သေကြီးနှင့်အိမ်စေအမျိုးသားကိုအမိန့်ပေးသည်။

"ဒီကလူငယ်လေးတွေအတွက်ဧည့်သည်ခန်းတစ်ယောက်တစ်ခန်းဆီပြင်ဆင်ပေးလိုက်...."

အိမ်စေအမျိုးသားကခေါင်းငြှိိမ့်အမိန့်နာခံပြီးနောက်ဆိုဘတ်ကချက်ချင်းလှည့်ထွက်သွားသည်။ရုပ်သေကြီးနှင့်အိမ်စေအမျိုးသားကလင်သုန့်တို့သူငယ်ချင်းအုပ်စုဆီလျှောက်လာပြီးခံစားချက်မရှိသည့်အသံဖြင့်ဆိုသည်။

"ကျေးဇူးပြုပြီးကျွန်တော့်နောက်လိုက်ခဲ့ပေးပါ...."

ရဲတိုက်ကြီးကအလွန်ကျယ်ပြန့်လှသည်။၎င်းတွင်အထပ်ပေါင်းငါးထပ်ရှိပြီးတတိယအထပ်တွင်အိမ်တော်သခင်နေထိုင်သည်။သခင်ငယ်လေးကဆင်းရတတ်ရလွယ်သည့်ဒုတိယထပ်တွင်ကလေးထိန်းနဲ့အတူနေထိုင်ပြီးကျန်သည့်အထပ်တွေ၌ဘာရှိမှန်းမသိရပေ။

system 091 Where stories live. Discover now