°3°

6.3K 610 36
                                    

ရိပေါ် အသက်၁၀နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် နန်းတော်အပြင် ခိုးထွက်လာသည့် ရိပေါ်နှင့် တရှို့။

*အကိုတော်..အကိုတော်*

ဆယ်နှစ်အရွယ် ရိပေါ်သည် ဒုက္ခရောက်နေသော လူကိုကူညီပေးရင်း လမ်းပျောက်သွားရသည့် အဖြစ်။အကိုတော်သည် သူ့ကို ဒီနေရာတွင် စောင့်နေပါဟု အတန်တန် မှာထားပေမယ့် ရိပေါ်ရှေ့တွင် လဲနေသော ထိုလူ့အား ထူကာ ဆေးအနည်းငယ် သွားဝယ်သည့်အချိန် ထိုလူက ပျောက်သွား၍ ရိပေါ် လိုက်ရှာနေခဲ့မိခြင်းပဲ။

*ဟိတ်ကောင်လေး..!*

*ဟင်.!*

ရိပေါ်၏ လည်ပင်းကို လာတေ့သော အေးစက်စက် အရာကြောင့် ရိပေါ် မျက်ဝန်းလေးတွေ ပြူးကျယ်ဝိုင်းစက်သွားသည်။ ထို့နောက် လက်ဖျားလေးတွေသည် အပြာလွင်လွင် ဝတ်ရုံစလေးအား တင်းနေအောင် ဆုပ်ကိုင်ထားမိ၏။

ဒီနေရာက အတော့်ကို လူပြတ်နေလေသည်။

*ကျွန်..ကျွန်တော့်ကို ဘာလုပ်ထားတာလဲ*

*ပါတာတွေ အကုန်ထုတ်ပေး။ မဟုတ်ရင် သေမယ်နော်*

*ပေး..ပေးပါ့မယ်*

ရိပေါ် တုန်တုန်ယီယီဖြင့် ပစ္စည်းတွေကို ထုတ်လိုက်သည်။ ငွေစအနည်းငယ်သာ ပါ၍ ရိပေါ် ထိုအထုပ်လေးအား ဓားမြကို ပေးမည်အလုပ်

*အင့်..!အား.!*

*ဟင်*

ရိပေါ် လည်ပင်းတွင် တေ့ထားသော ဓားလေးသည် ပြုတ်ကျသွားသလို ရိပေါ်ကို ချိန်ရွယ်ထားသည့် သူသည်လဲ မှောက်ရက်လဲကာ ရိပေါ်ရှေ့တွင် လဲကျနေ၏။ ရိပေါ် ပြူးကျယ်ဝိုင်းစက်နေသော မျက်ဝန်းလေးဖြင့် အနောက်ကို လှည့်ကြည့်လိုက်သည်။

ခန့်ညားလွန်းသည့် သူ။ စူးရှနေသော အကြည့်တွေနှင့် ပြည့်စုံလွန်းသော မျက်နှာက အရှိန်အဝါတွေ ထွက်နေသယောင်။ မျက်ဝန်းတွေက စူးရှနေပေမယ့် အနည်းငယ် ရီဝေကာ နီရဲနေသည်။ ထို့နောက် ရိပေါ် ရလိုက်သည်က ခပ်ပြင်းပြင်း အရက်နံ့။ ရိပေါ် ထိုလူမူးနေမှန်း သိ၍ ခါးလေးညွှတ်ကာ

*ကျေးဇူးတင်ပါတယ် လူကြီးမင်း*

*အာ့..!*

*အလှလေး.!*

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now