°14°

6.4K 613 109
                                    

လေအဝေ့တွင် ပါလာသော ကိုယ်သင်းနံ့သင်းသင်းလေးကြောင့် အားလုံး၏ အကြည့်တွေသည် ရိပေါ်ဆီသို့ သမင်လည်ပြန် ဖြစ်ကုန်၏။ မိဖုရားတွေ၊မောင်းမတော်တွေ၊ ကိုယ်လုပ်တော်တွေသည် မင်းကြီး၏ နန်းဆောင်ရှေ့တွင် ဆေးခွက်လေးတွေကိုင်ကာ မတ်တပ်ရပ်နေကြ၏။

အပြာလွင်လွင် ဝတ်စုံဖျော့လေးအား ဝတ်ဆင်ထားပြီး ဆံပင်ရှည်တွေအား ထုံးဖွဲ့ကာ ကျောက်စိမ်းဆံထိုးလေးအား ရှင်းရှင်းလင်းလက်းထိုးထားလေသည်။ ထို့ကြောင့် လည်ဂုပ်သားဖွေးဖွေးလေးတွေနှင့် လည်တိုင်ကြော့ကြော့လေးတွေသည် ထင်းနေ၏။ မျက်နှာခပ်ရဲရဲလေး ဖြစ်နေပုံမှာလဲ ပန်းချီတစ်ချပ်အလား ကြည့်မဝချင်စရာ။ လည်တိုင်နုနုတွင်တော့ ခရမ်းရောင်ပင် သန်းနေသေးသည့် ကိုက်စုပ်ရာတွေက ရှိနေပြန်လေသည်။

ရိပေါ်၏ အကြည့်တွေသည် ဘယ်သူ့ဆီမှမရောက်ပဲ အရှေ့ဆုံးတွင် မတ်တပ်ရပ်နေသော အကိုတော့်ဆီရောက်သွားသည်။ ပြီးနောက် အားလုံးကိုကျော်ကာ ရိပေါ် အကိုတော့်ဘေးနား သွားရပ်လိုက်သည်။

*ဝမ်လေး*

*အကိုတော်*

အကိုတော်သည် ရိပေါ် လာမည်မှန်းမထင်၍ အံ့ဩသွားပုံ။ ရိပေါ် အကိုတော့်အား ယဲ့ယဲ့လေး ပြုံးပြလိုက်ပြီး အကိုတော့်ဘေးတွင် မတ်တပ်ရပ်နေသည့် အရှင့်၏အမကိုပါ အရိုအသေပေးလိုက်သည်။ အမတော်သည် မျက်နှာတည်တည်ဖြင့်သာ ရိပေါ်ကို မကြည့်ပဲ မင်းကြီးနန်းဆောင်ထဲကိုသာ အကြည့်တွေက ရောက်နေလေသည်။

*အမတော် ရှောင်ကို ကျွန်တော်မျိုး ဝမ်ရိပေါ် အရိုအသေပေးပါတယ်*

ရိပေါ် အရိုအသေပေးပြီးနောက် အကိုတော့်ဘက် ပြန်လှည့်ကာ

*အရှင်က ဘယ်လိုဖြစ်ရတာလဲ အကိုတော်*

*အကိုတော်လဲ မသိသေးပါဘူး။ မနက်က အကိုတော့်ဆီလဲ မလာဘူး။ ပြီးမှ ကြားလိုက်ရတာက ကိုက်ခဲနေလို့တဲ့*

*အထဲမှာ ဘယ်သူရှိလဲဟင် အကိုတော်*

*မယ်တော်ကြီးရှိတယ်*

*ဪ*

ရိပေါ် ဪဆိုသည့် အာမေဋိတ်သံကလွဲ ဘာစကားမှမဆိုချေ။ ပြီးနောက် ထိုအတိုင်းလေးပင် မတ်တပ်ရပ်နေသည်။ မနေနိုင်တော့သည် ရိပေါ်၏ ကုန်းကုန်းကသာ ကိုယ်ရံတော်တစ်ယောက်ဆီ သွား၏။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now