°35°

4.7K 399 34
                                    

*မင်းကြီးနဲ့ ဝမ်လေးဖို့ပါ*

ရှောင်းကျန့်၏ နန်းဆောင်ဆီသို့ ရောက်လာသော တရှို့သည် လက်ထဲတွင်လဲ ရိပေါ်နှင့် ရှောင်းကျန့်စားဖို့ ချက်ပြုတ်လာသည့် ကြွေပန်းကန်လေးဖြင့် ထည့်လာသော ကြာစွယ်ဟင်းရည်လေး။

တရှို့သည် ရိပေါ် ကိုယ်ဝန် ရင့်လာသည်နှင့် အချက်အပြုတ် တာဝန်ကို ယူကာ သူကိုယ်တိုင် ချက်ပြုတ်ကျွေးသည်။ ရိပေါ်က ငြင်းလျှင်တောင်မှ တရှို့၏ အကိုတော်က ဝမ်လေးနဲ့ အကိုတော့်ရဲ့ တူတော်ကို ဂရုစိုက်ချင်လို့ပါဆိုသည့် စကားဖြင့် လက်ခံစေခဲ့ပါသည်။

*ဝမ်ရိပေါ် စားရအောင်..မင်း အကိုတော်က မင်းဖို့ပါ ချက်လာခဲ့တယ်တဲ့*

အစီရင်ခံလွှာတွေဖတ်နေသည့် ရှောင်းကျန့်သည် အိပ်ယာပေါ်တွင် လှဲအိပ်နေသည့် ရိပေါ်ကို လှမ်းခေါ်သည်။ ရိပေါ်သည် အခုဆို ရှောင်းကျန့်အား စိတ်ကောက်နေသည်မှာ နှစ်လတိတိ။ ရှောင်းကျန့် လိုက်လံချော့မြှူပေမယ့် ဝမ်ရိပေါ်ဟာ မခေါ်မပြောနှင့် တစ်ကယ်ကို နေနိုင်လွန်းသည်။

မယ်မယ့်နန်းဆောင်ဆီ သွားပြီး ထိုကနေမှ အနောက်နန်းဆောင်ကို သွားသည်။ အနောက်နန်းဆောင်ကို သွားတာကို ရှောင်းကျန့် မကြိုက်မှန်း သိပေမယ့် ရိပေါ်က ရွဲ့ပြီးသွားနေသလားတောင် ထင်ရသည်အထိ တစ်ခါတစ်လေ တစ်နေ့လုံး ထိုမှာပင် အချိန်ကုန်စေပြီး ညမှပင် ရှောင်းကျန့်ဆီ ပြန်လာသည်။ ထိုတင်မကသေး တစ်ခါတစ်လေဆို ကိုယ်လုပ်တော် တရှို့၏ န်းဆောင်တွင် ညသွားသွားအိပ်၍ ရှောင်းကျန့်မှာ ရိပေါ် အိပ်မောကျမှပင် သူ့နန်းဆောင်ကို ပြန်ခေါ်ရသည့်အဖြစ်။

ဝမ်ရိပေါ်သည် နန်းတော်တစ်ခုလုံးက လူတွေကို ခေါ်သည်၊ စကားပြောသည်။ ဒါပေမယ့် ထိုအထဲတွင် ရှောင်းကျန့် မပါဟု သတ်မှတ်ထားပုံပင်။

နိုင်ငံ၏ အကြီးဆုံးလူကို လျစ်လျူရှုကာ၊ စကားမပြောသည်ကတော့ ဝမ်ရိပေါ် အနည်းငယ် မလွန်ပေဘူးလားဟု ရှောင်းကျန့် တခါတလေ တွေးမိပါသည်။

*ဝမ်လေး..အကိုတော် လာတယ်လေ*

ထိုအခါမှ ဝမ်ရိပေါ်သည် အိပ်ယာက ထလာသည်။ ရှောငိးကျန့်၏ မျက်နှာကြီးက မဲနေ၏။ဝမ်ရိပေါ်သည် အခုနောက်ပိုင်းဆို တရှို့၏ စကားတစ်ခွန်းပင်။ အခြားသူတွေထက် တရှို့ပြောတာတွေကို နာခံ၏။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now