*အဲ့တာဘာလုပ်ရတာလဲဟင် ကိုယ်လုပ်တော် ဝမ်*
*ဒါက အရောင်စပ်တာ..အရောင်စပ်နည်းနဲ့ စိတ်ပါဝင်စားမှုသာရှိရင် ကျားလီဆွဲတဲ့ ပန်းချီက အလှဆုံးဖြစ်လာမှာ*
*ကိုယ်လုပ်တော်က သိပ်တော်တာပဲ*
ကျားလီမှာ သိချင်စိတ်ကြောင့် မျက်ဝန်းတွေ လဲ့နေ၏။ သူတို့ ကိုယ်လုပ်တော်နဲ့ နေတာကြာလာလေ၊ ကိုယ်လုပ်တော်၏ ဖြူစင်သော စိတ်ဓာတ်လေးကို သိလာရလေ ဖြစ်သည်။ အခုလဲ ကျားလီက ပန်းချီဆွဲရတာကို ဝါသနာပါသည်ဆို၍ ဆေးစပ်နည်းတွေကို ပြသလို စိတ်ရှည်လက်ရှည်နဲ့လဲ သင်ပြပေးနေခြင်းဖြစ်သည်။
တစ်ခါတစ်ခါ စဉ်းစားမိသည်က ထိုမျှလောက် စိတ်ထားဖြူစင်ပြီး လှရက်လွန်းသည့် ကိုယ်လုပ်တော်ကို မင်းကြီးက ဘာကြောင့် စိတ်ခနခနဆိုးနေရသလဲ မသိပါ။ ထိုလိုသာ စိတ်ဆိုးတာ..ကိုယ်လုပ်တော်ကို အမြဲ ပွေ့ဖက်နေတာကျ မမြင်ချင်မှအဆုံး။ တစ်ခါတစ်ခါ အိပ်ဆောင်ထဲက ထွက်လာသည့် အသံတွေကြောင့် သူတို့မှာ ရှက်ရတာအမြဲလိုပင်။
*မင်းကြီး ကြွချီလာပါပြီ*
အပြက်က အော်သံကြောင့် ရိပေါ်နှင့် ကျားလီသည် ခပ်မြန်မြန် မတ်တပ်ရပ်ကာ အရိုအသေပေးရန် အဆင်သင့်။ ခနအကြာ အဆောင်တံခါးပွင့်လာပြီး ဝင်လာသည့် မင်းကြီး။ ခန့်ညားလှသော အရှိန်အဝါတွေနှင့် တည်တင်းသော မျက်နှာထားသည် ဒီအဆောင်တော် ရောက်ရင် အမြဲဖြစ်နေကြပင်။
ကိုယ်လုပ်တော် တရှို့ဆီမှာဆိုရင် အမြဲပြုံးရယ်နေသည်တဲ့။
*မင်းကြီးကို ဂါဝရပြုပါတယ်*
*အပြင်ထွက်.!*
ကျားလီ၏ ဂါဝရ ပြုမှုအဆုံး တစ်ထပ်တည်းကျသည့် ခပ်မာမာအေးစက်စက် စကားသံ။ ကျားလီသည် မင်းကြီးကို အရိုအသေပေးကာ အဆောင်တော်ထဲက ထွက်ပြီး တံခါးပိတ်ပေးသွားလေသည်။
*အရှင်*
ရှောင်းကျန့် မျက်ခုံးတွေတွန့်ချိုးကာ ဝမ်ရိပေါ်ကို ကြည့်လိုက်သည်။ လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေတွင် ဆေးစက်တွေပေကျံနေ၏။ ရှောင်းကျန့် ဝမ်ရိပေါ်၏ ဘေးနားကနေ လှည့်ထွက်ကာ စားပွဲတွင် ဝင်ထိုင်သည်။
YOU ARE READING
ကိုယ်လုပ်တော် ဝမ်
Fanfiction- Zhanyi - [ Asshole, Possessive , 18+ , M-PREG, Weak ]