°26°

4.5K 462 75
                                    

အနောက်နန်းဆောင်..။ သုဿာန်တစ်စပြင်လို တိတ်ဆိတ်ငြိမ်သပ်ကာ လူသူကင်းမဲ့သည့် နေရာတစ်ခု။ ထိုနေရာအား အပို့ခံရသည့် သူသည် အရင်နှစ်ပေါင်းများစွာမှ ဒီနှစ်အထိ နှစ်ယောက်သာ ရှိသေး၏။ ထိုသူတွေသည်...

ချန်နိုင်ငံ၏ အမျိုးသမီးကြီးတစ်ဦးနှင့် ကိုယ်လုပ်တော် ဝမ်သာ ရှိသေး၏။ ကိုယ်လုပ်တော် ဝမ်အား အနောက်နန်းဆောင် ပို့လိုက်သည်ဆိုသော သတင်းသည် အားလုံးဖို့ ထိတ်လန့်စရာ သတင်းတစ်ခု ဖြစ်သွားသလို၊ မိဖုရားတွေအတွတ် ကျေနပ်ဖွယ်ရာ သတင်းတစ်ခုလဲ ဖြစ်သည်။ ကိုယ်လုပ်တော် ဝမ် ရှိနေလျှင် မင်းကြီးသည် သူမတို့ဆီခြေဦးတောင် လှည့်လာသည် မဟုတ်။

ထိုလိုစကားဆိုလို့ အရင်က လာသလားဆိုတော့လဲ မင်းကြီးသည် ထိုလိုအပျော်အပါး မက်သည့်သူ မဟုတ်သောကြောင့် မိဖုရားမှန်သမျှဟာ မင်းကြီးနှင့် အိပ်ဆောင်ဝင်ဖူးသူသည် ခပ်ရှားရှားပင် ဖြစ်သည်။

*ဟင်း..*

ရိပေါ်သည် အနောက်နန်းဆောင်သို့ ရောက်လာခဲ့ချေပြီ။ ကိုယ်ရံတော် ပိုင်သည်လဲ အကျဉ်းထောင်သို့ ရောက်သွား၏။ ရိပေါ် ရောက်သွားသည့်အချိန်သည် မနက်မိုးသောက်ချိန်ဖြစ်သည်။ ဝတ်ရုံသုံးစုံလေးသာ ယူခွင့်ရှိပြီး အခြားမည်သည့်အရာမှ ယူခွင့်မရှိချေ။

ရိပေါ် အနောက်နန်းဆောင် ရောက်သည်နှင့် သတိထားမိလိုက်သည်က တိတ်ဆိတ်မှု။ တိတ်ဆိတ်မှုသည် စိတ်ငြိမ်ရာအရပ်လဲ ဖြစ်သလို၊စိတ်လှုပ်ရှားဖွယ်ရာ၊ စိတ်ခြောက်ခြားဖွယ်ရာ ကောင်းသော နေရာတစ်ခုလဲ ဖြစ်၏။

အနောက်နန်းဆောင်သည် သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေသလို၊ ပန်းမျိုးစုံသည့် အလှပန်းတွေကလဲ ဝေဝေဆာဆာ။ လူမရှိ၍ ညစ်ပတ်ကာ၊ စုတ်ပြတ်မည်ဟု ထင်ထားပေမယ့် လမ်းတစ်လျှောက် သန့်ရှင်းကာ ပြောင်လက်နေလေသည်။ ရိပေါ် အနောက်နန်းဆောင်၏ တံခါးကို အသာလှပ်ဖွင့်ကာ အထဲသို့ ခြေချလိုက်သည်။

*ရောက်လာပြီလား*

ရိပေါ်၏ ခန္ဓာကိုယ်လေးက တုန်ခနဲ။ ရိပေါ်အနောက်က ထွက်လာသည့် အသံကြောင့် ရိပေါ်ယောင်ယောင်လေး လှည့်ကြည့်လိုက်သည်။ နွမ်းပါးသယောင် ရှိသည့် ဝတ်ရုံခရမ်းရောင်ဖြင့် ဆံပင်အနည်းငယ် ဖြူနေသည့် အမျိုးသမီးကြီးတစ်ယောက်။ မျက်ဝန်းတွေသည် သိပ်ကို စူးရှလွန်းပါ၏။ နှုတ်ခမ်းရဲရဲသည် ဆေးအကူမပါတာတောင် အခုထိရဲထွေးနေဆဲ။ မျက်နှာလေးသည် ပါးရေတွေ တွန့်နေသည့်တိုင် မာန်တွေက ရှိသေးသည်။ သာမာန်ဟု ထင်ရပေမယ့် ထိုအမျိုးသမီးကြီး၏ ရုပ်ရည်သည် တော်ရုံသာမာန်မဟုတ်ချေ။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now