မွန်းတည့်ချိန်...။ ချန်နိုင်ငံ၏ မွန်းတည့်ချိန်ကြီးတွင် ကိုယ်လုပ်တော် ဝမ်သည် မတုန်မလှုပ်စွာ နေပူကြဲကြဲကြီးအောက်တွင် ဘာအဆောင်းမှမပါပဲ ရပ်နေလေသည်။ ပတ်ဝန်းကျင်တွင် ကိုယ်ရံတော်နှင့် နန်စတွင်းသူတွေသည် စိုးရိမ်စွာ မျက်ရည်တွေဖြင့် စောင့်နေကြသည်။
*မယ်မယ်ကြီး..!*
ကိုယ်လုပ်တော် ဝမ်နေပူထဲတွင် ရပ်နေသည်ဆိုသော သတင်းကြောင့် မယ်မယ်ကြီးသည် သူ့သားအနားကနေ ထထွက်လာသည်က ချက်ချင်း။ ဒီကလေးသည် သားတော်အတွတ် အခုလို လုပ်နေမှန်း သိတော့ သူမပိုပြီး စိုးရိမ်ပေးသင့်သည်ဟု ထင်၍။ အစကထဲက ဒီကလေး၏ စိတ်ဓာတ်ကို သူမသိထားပြီးသား ဖြစ်သည်။
ပြီးတော့ ဒီနေ့သည် သားတော်အတွတ်နောက်ဆုံးအချိန်ဖြစ်သည်။ ထို့ကြောင့် ကိုယ်လုပ်တော် ဝမ်သည် ထိုမျှအထိ သားတော်ကို ကယ်တင်ပေးချင်နေခြင်းဖြစ်သည်။ သူမတို့သည်လဲ ကြိုးစားပေမယ့် ဘာမှမလုပ်တတ်သည့် သူတွေမို့ အရာအားလုံးက အချည်းနှီးသာ။
*ကိုယ်လုပ်တော် ဝမ်..အဲ့လိုလုပ်မနေတော့ပဲ အရိပ်ထဲကို လာပါတော့*
*တောင်းပန်ပါတယ် မယ်မယ်*
မယ်မယ်ကြီးသည် စိတ်ညစ်ညူးစွာ ပြောလို့ မရတော့မှန်း သိ၍ ထိုအတိုင်းသာ နေနေရတော့သည်။ သို့ပမယ့် ဘေးဘက်တွင် ရှိနေသော ကိုယ်လုပ်တော် ဝမ်၏ နန်းတွင်းသူ၊ အထိန်းတော်တွေနှင့် ကုန်းကုန်းတွေကို ကြည့်ကာ
*ရပ်တာ ဘယ်လောက်ကြာပြီလဲ*
*မွန်းမတည့်ချိန်ထဲကပါ မယ်မယ်ကြီ။အတော့်ကို အချိန်ကြာမြင့်နေပါပြီ*
ထိုအချင်းအရာအား လက်သီးဆုပ်လျက် ကြည့်နေသူသည် ကိုယ်လုပ်တော် တရှို့ပင်ဖြစ်သည်။ ကိုယ်လုပ်တော် တရှို့၏ အသားတွေသည် ဒေါသကြောင့် တဆက်ဆက် တုန်ယင်နေကာ မေးကြောကြီးတွေပင် ထောင်ကားနေ၏။
သူ မြင်နေရသည့် မြင်ကွင်းသည် သူ့ကို ဒေါသထွက်စေသည်ဆိုတာ ပြေးမကြည့်လဲ သိနိုင်သည့် အမှန်တရားတစ်ခု။
*မင်းကြီး သွေးအန်နေတယ်လို့ သွားပြောလိုက်*
*ကိုယ်လုပ်တော် တရှို့*
YOU ARE READING
ကိုယ်လုပ်တော် ဝမ်
Fanfiction- Zhanyi - [ Asshole, Possessive , 18+ , M-PREG, Weak ]