ရှောင်းကျန့် ဝမ်ရိပေါ်အား အရယူရန် စဉ်းစားလိုက်ပေမယ့် ဝမ်ရိပေါ်၏လက်တွင်မြင်လိုက်ရသော ဒဏ်ရာကြောင့် ဆက်ခနဲထထိုင်ကာ ဝမ်ရိပေါ်ကိုပါ ငုတ်တုပ်ထထိုင်စေသည်။ ပြီးနောက် ဝမ်ရိပေါ်၏ လက်ကလေးကို ဆွဲယူလိုက်၏။ ဖြူနုနေသော လက်ကလေးတွင် ဓား၏ခြစ်မိရာကြီးက ထင်ထင်ရှားရှား။
*ဘာဖြစ်တာလဲ*
ရှောင်းကျန့် မျက်ခုံးကြီး တွန့်ချိုးကာ မေးလိုက်သည်။ ဝမ်ရိပေါ်သည် သူ့လက်ကလေးကို အသာပြန်ဆွဲယူကာ
*ဘာမှမဟုတ်ပါဘူး အရှင်။ မတော်တဆ ထိခိုက်မိတဲ့ ဒဏ်ရာပါ*
*ဒါ မတော်တဆ ထိခိုက်မိတာလား.! မင်းပေါ့ဆတာလား သေချာကြည့်စမ်း*
ရှောင်းကျန့်၏ အော်သံကြောင့် ဝမ်ရိပေါ်၏ မျက်နှာလေးက ငယ်ကျသွားသည်။ ရှောင်းကျန့် ကျစ်ခနဲ စုပ်သပ်ကာ အပြင်ကလူတွေအား သမားတော်ကို ပင့်စေလိုက်သည်။
*အဲ့..အဲ့လောက်မဟုတ်ပါဘူး အရှင်*
*ငါ မြတ်နိုးတဲ့လက်ကို ဘယ်လိုထိခိုက်မှုမျိုးမှ မရှိစေနဲ့ ဝမ်ရိပေါ်*
ရိပေါ် အံ့ဩတကြီး ရှောင်းကျန့်ကို မော့ကြည့်လိုက်သည်။ ရှောင်းကျန့်သည် သူပြောလိုက်တာကို သတိမထားမိပုံပင်။ ဝမ်ရိပေါ်၏ လက်ကလေးကိုသာ ဆွဲယူပြီး ခပ်ဖွဖွ ထိနေလေသည်။
ရိပေါ် အရှသင့်ကို နားမလည်နိုင်တော့ချေ။ စောနက ကြမ်းတမ်းနေတော့လဲ သူ။အခုကျနူးညံ့နေပြန်တော့လဲ သူ။ အရှင့်ကို မြင်နေရတာ လူနှစ်ယောက်ကို တစ်ပြိုင်ထဲ မြင်နေရသည့် အတိုင်းပင်။
*မင်းကြီး..သမားတော်ကြီး ရောက်ပါပြီ*
*ဝင်လာခိုင်းလိုက်*
ရှောင်းကျန့်သည် သမားတော် ဝင်လာသည့်တိုင် ရိပေါ်လက်ကို ကိုင်ထားသည်အား လွှတ်မပေး။ သမားတော် ဝင်မလာခင်တုန်းကလဲ သူလုပ်၍ ဖရိုဖရဲ ဖြစ်နေသည့် ဝတ်ရုံလေးကို သေသေချာချာ နူးနူးညံ့ညံ့လေး ပြင်ပေးထားခြင်းဖြစ်သည်။
*လက်က ဒဏ်ရာကို ကြည့်ပေးလိုက်*
*မှန်လှပါ မင်းကြီး*