°8°

6.7K 635 135
                                    

*မင်းကြီး*

*ထပါ..ထပါ..တရှို့*

တရှို့၏ လက်မောင်းသေးသေးလေးနှစ်ဖက်ကနေ သာသာယာယာဆွဲကိုင်ကာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်စေသူ။ တရှို့ တမင်သပ်သပ်ပင် လည်ပင်းမှ လက်သည်းခြစ်ရာလေး ပေါ်အောင် ဝတ်ရုံကို အနည်းငယ် လစ်ဟထားသလို မျက်နှာလေးကိုလဲ ညှိုးငယ်ထားသည်။

သူ လိုချင်တာ မင်းကြီးဆီက ရအောင်တောင်းနိုင်‌ေစရန်ဖြစ်သည်။

*မျက်နှာလဲ မကောင်းပါလား*

*မင်းကြီး..*

တရှို့၏ အသံက တိုးဖွဖွ။ ရှောင်းကျန့်၏ မျက်နှာကို မော့မော့လေးငေးရင်း ရှောင်းကျန့် ခါးတွေကို ဖက်တွယ်ထားလေသည်။ ရှောင်းကျန့် မည်သည့် စကားမှမမေးသေးပဲ တရှို့၏ ခန္ဓာကိုယ်လေးအား ပြန်ဖက်ပေးထားလိုက်သည်။

ရှောင်းကျန့်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ နူးညံ့ဖူးသည့်သူ မဟုတ်ချေ။ ဒါပေမယ့် အခုက သူ ငယ်ငယ်ကထဲက သိက်ချစ်ရသော သူတစ်ယောက်ဖြစ်နေသည့်အတွတ် တရှို့စိတ်မကြည်လျှင် သူ မနေတတ်။

တရှို့က သူ ငယ်ငယ်ကထဲက သဘောကျ‌ခဲ့ရသည့် သူ မဟုတ်ဘူးဆိုတာကို ငြင်းလို့မရအောင်အထိ သက်သေတွေက ခိုင်လုံနေလေသည်။

*ကျွန်တော် ဝမ်းနည်းတယ် မင်းကြီး။ ကျွန်တော် ရှက်လဲရှက်တယ်။ မင်းကြီးပြောတော့ ရိပေါ်ကို ဘာအဆောင်အယောင်မှမပေးဘူး၊သူ့ကို လက်ဖျားနဲ့တောင် မထိဘူးဆိုပြီး မင်းကြီး ညက သူ့ဆီအိပ်ဆောင်တော်ဝင်ခဲ့တာ ကျွန်တော်သိပြီးပါပြီ*

တရှို့သည် သူ့ရင်ခွင်ထဲက ထွက်သွားကာ အိပ်ယာလေးပေါ်တွင် သွားပြန်လှဲအိပ်နေ၏။ ရှောင်းကျန့် မျက်နှာကြီးသည် တည်တင်းသွားကာ ဝမ်ရိပေါ်ကို ဒေါသအတော်ထွက်နေလေပြီ။

ဒီကိစ္စတွေဟာ ဝမ်ရိပေါ်နဲ့ သူသာလျှင် သိသည့်ကိစ္စတွေ။အရှက်မရှိ အိပ်ယာပေါ်ကကိစ္စတွေကို တရှို့နားထဲ မရောက်ရောက်အောင် ပို့သည့် ဝမ်ရိပေါ်။ ရုပ်လေးက ထင်မထားရလောက်အောင် ဖြူစင်သလိုလိုနဲ့ ပြိုင်ဆိုင်လိုသည့် စိတ် ရှိသည့်ကောင်လေးပဲ။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now