°17°

8.4K 633 219
                                    

ရှောင်းကျန့် မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က သူ့ခါးတွေအား ဖက်တွယ်ထားသည့် လက်တစ်စုံ။ ရှောင်းကျန့် ထိုလက်နုနုလေးတွေအား အသာအယာ ဖယ်ချကာ ဆံနွယ်အချို့ အုပ်နေသည့် ဝမ်ရိပေါ်၏ မျက်နှာလေးကို ရှင်းလင်းစေသည်။ ပါးတစ်ဖက်ကို ဖိအိပ်ထား၍ နီရဲကာ စိုထွေးနေသော နှုတ်ခမ်းသားရဲရဲစူစူလေးက ရှေ့သို့ အနည်းငယ်ထွက်နေ၏။ မျက်ခုံးတန်းသွယ်သွယ်လေးတွေက ပြေပြေလေးဖြစ်ကာ မျက်တောင်တိုစိပ်စိပ်လေးတွေသည် မျက်ဝန်းကြည်ကြည်လေးတွေအား ဖိအုပ်ထား၏။

ရှောင်းကျန့် ဝမ်ရိပေါ်၏ ပါးပြင်လေးအား လက်မဖြင့် ဖိပွတ်ဆွဲကာ စောင်အဖြူကြီးလျှောကျနေ၍ မြင်နေရသော ပုခုံးသား ဖြူဖြူလေးတွေအား ငုံ့နမ်းလိုက်သည်။ ပြီးနောက်ဆံသားနုနုလေးတွေကို သပ်တင်ပေးကာ နဖူးလေးကိုလဲ နမ်းလိုက်သည်။

ပူနွေးနွေးဖြစ်နေသည့် နဖူးလေးကြောင့် ဝမ်ရိပေါ်နေမကောင်းဖြစ်နေပြီမှန်း ရှောင်းကျန့်သိသည်။ သူ မပြန်ခင် သမား‌ေတာ်ကိုခေါ်ဖို့ အထိန်းတော်တွေကို မှာထားခဲ့ရမှာပင်။ သူက အခြားတိုင်းပြည်က အမတ်တွေနှင့် အထူးဆွေးနွေးစရာရှိကာ မသွားမဖြစ်မို့ သွားရမည်သာ။

*မင်းက ဘာကြောင့် ငါ့အပေါ် ဒီလောက်ထိ ပြုစားနေရတာလဲ ဝမ်ရိပေါ်*

ရှောင်းကျန့် ခပ်တိုးတိုးညည်းညူကာ ဝမ်ရိပေါ်၏ ခန္ဓာကိုယ်ပေါ်သို့ စောင်ထပ်ခြုံပေးပြီး ရေချိုးကန် ပြင်ဆင်စေသည်။ အထိန်းတော်တွေ ပြင်ဆင်ပြီးမှ ရှောင်းကျန့် အိပ်ယာကထကာ မျက်နှာသစ်ပြီး နန်းဆောင်ကို ပြန်သည်။

မပြန်ခင်မှာခဲ့သည်က ဝမ်ရိပေါ်ကို သေချာမနက်ခင်းစာကျွေးဖို့။ ဝမ်ရိပေါ်သည် ဒီရက်ပိုင်း အစားသိပ်မစားဘူး ရှောင်းကျန့်ကြားထား၍။

*မင်းကြီး*

ရှောင်းကျန့်၏ နန်းဆောင်ရှေ့တွင် အနက်နှင့်အနီကို စပ်ထားသည့် ဝတ်ရုံကို ဝတ်ထားသည့် ကိုယ်လုပ်တော် တရှို့။ နှုတ်ခမ်းလေးတွေက တုန်ယီနေကာ အချိန်အကြာကြီး မတ်တပ်ရပ်နေရမှန်း သိသာအောင် ရှောင်းကျန့် ကိုယ်လုပ်တော် တရှို့၏ လက်တွေကို ထိလိုက်သည်နှင့်အေးစက်နေသည်။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now