°7°

7.3K 599 57
                                    

*××××အရွက် ထောင်းပြီးသားလေး ကျွန်တော့်ဆီ ယူလာပေးပါလား*

ရိပေါ်၏ အက်ရှရှအသံလေးကြောင့် ကုန်းကုန်းနှစ်ယောက်မှာ ခပ်မြန်မြန်ပင် ခေါင်းညိမ့်ပြီး အပြင်ထွက်သွားသည်။ ရိပေါ် ကုန်ကုန်းနှစ်ယောက် အပြင်ထွက်သွားသည်နှင့် သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ နီရဲနေသော လည်ပင်းသားလေးတွေနှင့် ရှုပ်ပွနေသော အိပ်ယာခင်း။ ရိပေါ် အားယူကာ ထမည်အပြု နာကျင်လာသည့် အောက်ပိုင်းကြောင့် အသက်ရှူပင် ရပ်မတတ်။

မျက်ရည်တွေ ဝိုင်းလာကာ နာကျင်မှုက ပြောမပြတတ်အောင်ပင်။ ယူလာသည့် ဆေးသောက်ပြီးမှပင် ကိုယ့်ဘာသာ ရေချိုးဆောင် ဝင်ရပေမည်။ ရိပေါ် တစ်ကိုယ်လုံး ပူကျစ်နေ၍ ဖျားနေပြီမှန်းလဲ သိ၏။ အိပ်ယာသည် အနီရောင်ဆိုတော့ ကြည့်လိုက်တာနှင့် သိသာနေသည့် အဖြူရောင် အရည်တွေ။

ပြီးတော့ ရိပေါ် မတ်တပ်ထရပ်လို့မရ။ သူ့ ဝတ်ရုံအဖြူမှာ ကပ်ညှိနေသည့် သွေးရဲရဲတွေကို ကုန်းကုန်းနှစ်ယောက် မြင်သွားလို့ မဖြစ်ပေ။

*ကျွီ..!*

*ရပြီလားဟင်*

ရိပေါ် စောင်လေးအား ရင်ဘတ်ထိ လုံအောင် ဆွဲခြုံရင်း မေးလိုက်သည်။ ဒါပေမယ့် အဆောင်တော်ထဲ ဝင်လာသည်က ကုန်းကုန်းနှစ်ယောက်မဟုတ်။ ရွှေရောင်ဝတ်ရုံကြီးနှင့် အရှင်။

မျက်နှာကြီးက တည်တင်းနေကာ ရိပေါ်ဆီ တစ်လှမ်းချင်း လျှောက်လာ၏။ အရှင့်၏ မျက်နှာကို မြင်တိုင်း ညက အဖြစ်အပျက်ကို ပြန်မြင်ယောင်မိတော့ ရိပေါ်မျက်နှာလေးက ရဲသွားသည်။

*ဆေးက ဘာလို့‌ေသာက်မှာလဲ*

အေးစက်စက် စကားသံနှင့်အတူ အိပ်ယာပေါ် ဝင်ထိုင်လိုက်သည့် အရှင့်ကြောင့် ရိကေါ်မှာ ဘာလုပ်ရမှန်း မသိ။

*နေ..နေမကောင်းလို့ပါ အရှင်*

ရှောင်းကျန့်၏ မျက်ခုံးတွေက တွန့်ချိုးသွားသည်။ ဝမ်ရိပေါ်သည် ဆံနွယ်ရှည်တွေအား ညက အတိုင်းပင် အနောက်မှာ ဆံထိုးအဖြူ‌ဖြင့် စည်းနှောင်ထားသည်က ကပိုကရို။ ဆံနွယ်အချို့သည် လည်တိုင်နုနုပေါ် ပြန်ကျနေကာ။ လည်တိုင်မှ စုပ်ယူရာ ရဲရဲတွေက ထင်းထင်းရှားရှား။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now