°34°

4.8K 406 14
                                    

*အရှင်..အကိုတော့်အနားမှာ ခနလေး နေပေးပါအုံးနော်။ ဒီတစ်ညလေး ဖြစ်ဖြစ်*

*ဝမ်ရိပေါ်..အဲ့တော့ မင်းတစ်ယောက်ထဲ ငါ့နန်းဆောင်မှာ ဖြစ်နေမှာပေါ့။ တရှို့ဘေးနားမှာ ငါ သမားတော်တွေလဲ ထားပေးမှာပဲ*

ရှောင်းကျန့် အတတ်နိုင်ဆုံး လေသံကို ချော့ပြောလိုက်သည်။ ဝမ်ရိပေါ်ကို သူ တစ်ယောက်ထဲ စိတ်မချတာ တစ်ကယ့် စိတ်ရင်းဖြစ်သည်။

*အရှင်မစောင့်ပေးဘူးဆို ကျွန်တော် အကိုတော်နဲ့ အတူအိပ်ရင်းစောင့်ပါရစေ*

ရှောင်းကျန့် လေပူတွေမှုတ်ထုတ်ပစ်သည်။ ဝမ်ရိပေါ်က ဘာလို့ အခုထိ အသိတရား မဝင်သေးတာတဲ့လဲ။ သူ အခုဘယ်သူ့ကို စိတ်ပူလို့ ဒီစကားတွေပြောနေရတာလဲ။ ဒါကိုတောင် သူက ဒီမှာအိပ်ဖို့ ခွင့်တောင်းနေသေးသည်။

*နေ..မင်း ငါ့နန်းဆောင်မှာပဲနေ။ ငါ ဒီမှာ စောင့်အိပ်ပေးမယ်*

*ကျေးဇူးတင်ပါတယ် အရှင်*

ရှောင်းကျန့် ဘာစကားမှပြန်ပြောချင်စိတ်မရှိ၍ တရှို့ဘေးတွင်သာ ဝင်ထိုင်လိုက်သည်။ ဘေးတစ်ဖက်သို့ လှည့်အိပ်နေသော တရှို့သည် သူတို့ပြောနေတာတွေအား ကြားမည့်ပုံ မပေါ်။ အခုမှ အိပ်မောကျနေပုံရ၏။

*ဒါဆို ကျွန်တော်မျိုး သွားပြီနော် အရှင်*

*အင်း*

တရှို့ တစ်ဖက်သို့ လှည့်အိပ်နေရာမှမျက်နှာတွင် အပြုံးလှလှတွေက ဖြစ်တည်လာသည်။ တန်ပါသည်..သူ အခုလို ပင်ပန်းခံရကျိုးနပ်၍ အများကြီး တန်ပါသည်။

*ဘာမှမသိတတ်တဲ့ ကိုယ်လုပ်တော်*

မင်းကြီးသည် ထွက်သွားသော ဝမ်လေးကို ကြည့်ကာတဖွဖွရေရွတ်နေ၏။ တရှို့ လက်သီးဆုပ်လေးအား ကျစ်နေအောင် ဆုပ်ထားရင်း နှုတ်ခမ်းတွေတွင် မဲ့ပြုံးတွေက ချိတ်ဆွဲလာ၏။ မကြာခင် သူ ဒီပွဲရဲ့ အနိုင်ရသူအဖြစ် နေရာယူရတော့မည်ပင်။

ဝမ်လေး ထွက်သွားပြီး ခနကြာမှပင် တရှို့ အိပ်ယာက နိုးလာချင်ယောင် ဆောင်ရသည်။

*အာ့..ကျွတ်..ကျွတ်*

*ကိုယ်လုပ်တော် တရှို့..သက်သာရဲ့လား*

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now