°30°

4.9K 432 38
                                    

*သဘောကျရဲ့လား..ကိုယ်လုပ်တော် ဝမ်*

ရှောင်းကျန့်၏ နန်းဆောင်သည် အရင်ကနှင့် မတူတော့ပေ။ တိုင်းရေးပြည်ရာ လုပ်ရသည့် နေရာသည် အခုတော့ ကလေးငယ်အတွတ်နေရာတစ်ခု ကြိုတင်ဖန်တီးပေးထားသည်။ ရှောင်းကျန့် နန်းဆောင်တစ်လျှောက် အခြားတိုင်းပြည်မှ ပို့သသော လက်ဆောင်မွှေးပွအထူကြီးတွေအား ခင်ကျင်းထားသည်က ကိုယ်လုပ်တော် ဝမ် လျှော်လဲကျမည်စိုးသော အကြောင်းပြချက်နှင့်။

ထို့နောက် ကိုယ်လုပ်တော် ဝမ် အိပ်ဖို့နေရာသည် အနီရောင် အိပ်ယာအထူကြီးနှင့် လဲကျလျှင်တောင် နာကျင်မည်မဟုတ်သည့် အထူးစီမံထားသည့် အိပ်ယာနီရဲရဲကြီး ဖြစ်သည်။

ကိုယ်လုပ်တော်ဝမ် ကိုယ်ဝန်ရှိနေသည်ဆိုသော သတင်းကြားတုန်းက ရှောင်းကျန့်မှာ ဟန်ပင်မဆောင်နိုင်သည်အထိ ပြုံးပျော်ကာ မျက်နှာလေးက လန်းဆန်းနေလေသည်။

*ဘယ်လိုလဲ..ကိုယ်တော်လုပ်ထားတာ သဘောကျရဲ့လား*

*အဆင်ပြေပါတယ် အရှင်*

ဝမ်ရိပေါ်သည် တိုတိုတုတ်တုတ်ဖြေကာ အိပ်ယာပေါ် သွားထိုင်၏။ ရှောင်းကျန့်သည် မျက်နှာပျက်သွားပေမယ့် ချက်ချင်း အပြုံးတွေဖြင့် ပြောင်းလဲကာ ဝမ်ရိပေါ်၏ ဘေးတွင် ကပ်ထိုင်သည်။ သူ ဝမ်ရိပေါ် အပေါ်မှားခဲ့တာတွေကို သိပါသည်။

ဒါပေမယ့် အခုလိုကြီး မခေါ်မပြော၊ အကြည့်တစ်ချက်တောင် အပို့မခံရလောက်အောင်အထိတော့ သူ မဆိုးသွမ်းခဲ့ရုံလေးတင်။

*ရိပေါ်*

ရှောင်းကျန့်၏ အသံတွေက နွေးထွေးနေသည်။ ဩရှရှ‌နှင့် အသံသည် ဩဇာပါ၏။ ဝမ်ရိပေါ်သည် သူ့အား လှည့်မကြည့်ပဲ လက်ထဲတွင် ကိုင်လာသည့် လက်ပတ်ကြိုးနီလေးကိုသာ ခပ်ဖွဖွ ပွတ်သပ်နေသည်။

ဒါ ဟိုအဖွားကြီးပေးလိုက်သည်ဆိုတာ သိသာနေ၏။

*ကိုယ်တော် ကိုယ်ရံတော် ပိုင်ကို တစ်ကယ်မသတ်ခဲ့တာပါ ရိပေါ်။ ကိုယ်တော် အသက်နဲ့ အာမခံပြီး ကျိန်ရဲပါတယ်*

*ဒီတိုင်းပြည်မှာ မင်းကြီးနဲ့ တော်ဝင်မျိုးနွယ်သာ တစ်စုံတစ်ခုလုပ်ခဲ့ရင် ဘယ်သူကမှ အပြစ်မပြောရဲပါဘူး အရှင်။ အဲ့တာမို့လို့ ကျွန်တော်မကျေနပ်ပေမယ့် ဘာမှ အရှင့်ကို ပြောမှာမဟုတ်ပါဘူး*

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now