°20°

6.1K 511 25
                                    

တိတ်ဆိတ်နေသော နန်းဆောင်တစ်ခုထဲသို့ ဝင်ရောက်လာသော လူတစ်ဦး။ မျက်နှာအား မမြင်ရအောင် ပဝါအနက်တစ်ခုဖြင့် အုပ်ထားပြီး ခြေလှမ်းတွေက သွက်လက်နေပေမယ့် အသံမထွက်ချေ။ တစ်ကယ်ကို ဝါရင့်လေ့ကျင့်ရေး တပ်သားတစ်ဦးနှယ် အပြုအမူတွေက တိကျစွာ ဘာလှုပ်ရှားမှု အသံမှ မထွက်ချေ။

အပြင်က နန်းတွင်းသူ၊ ကုန်းကုန်းနှင့် အခြားသူတွေသည် သတိလစ် မေ့မြောနေကြလေပြီ။ ထိုလူရောက်သွားသည့် နေရာသည် အိပ်ယာပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော လူတစ်ဦးစီ။ ထိုလူငယ်သည် ကိုယ်လုပ်တော် ဝမ်သာ ဖြစ်၏။

လူပ်ကြံရန်လာသူသည် ဝတ်ရုံထဲမှဓားတိုတစ်ချောင်းအား ထုတ်ယူလိုက်သည်။ ပြီးနောက် ကိုယ်လုပ်တော် ဝမ်အနားသို့ တဖြေးဖြေး ချဉ်းကပ်သွားသည်။

လည်ပင်းကို ဓားနဲ့ထိုးမည်အပြု ပွင့်လာသည့် ခပ်ပြင်းပြင်း တံခါးအသံကြောင့် လုပ်ကြံသူသည် ဓားကိုအလန့်တကြား ပစ်ချပြီး ထွက်ပြေးလေ၏။

*ဝုန်း..!*

*လုပ်ကြံသူ..!*

ကိုယ်ရံတော် ပိုင်လီ၏ အော်သံနှင့်အတူ နန်းတွင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သို့ပေမယ့် အိပ်ယာပေါ်မှ ကိုယိလုပ်တော်ဝမ်သည် လှုပ်ရှားလာခြင်းမရှိသေးချေ။

ကိုယ်လုပ်တော်ဝမ် လုပ်ကြံခံရသည်ဆိုသော သတင်းကြောင့် အခုထိ မအိပ်သေးပဲ စစ်ရေးဆွေးနွေးနေသည့် ရှောင်းကျန့်သည် ဝုန်းခနဲထကာ အပြေးအလွှားရောက်လာ၏။ သူ ရောက်လာတော့ အားလုံးက မျက်လွှာချလျက်။

*ဝမ်ရိပေါ်က ဘာဖြစ်လို့ သတိမရတာလဲ..မဟုတ်ဘူး မနိုးတာလဲ။ သမားတော် သွားခေါ်စမ်း*

မင်းကြီး၏ စိတ်တိုဒေါသထွက်လာသည့် အသံကြီးသည် ဟိန်းထွက်လာသည်။ နန်းတွင်းသူတွေသည် မင်းကြီး၏ သဘောအတိုင်း သမားတော်ကြီးအား အပြေးသွား ခေါ်ရကြ၏။

သမားတော် ပါလာသည့်တိုင် ရှောင်းကျန့်သည် ဝမ်ရိပေါ်အနားကနေ မထသေးချေ။ ဝမ်ရိပေါ်၏ ဆံပင်လေးတွေကို ပွတ်သပ်ပေးကာ မျက်ဝန်းတွေတွင် တစ်ခါမှမမြင်ဖူးသည့် စိုးရိမ်မှုတွေဖြင့်။ သမားတော်ကြီးသည်လဲ မည်သည့် စကားတစ်ခွန်းမှ၊မပြောရဲပဲ စစ်ဆေးပေးရန် ကြိုးစားရသည်။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now