*အား..*
တိုးဝင်လာသော အလင်းရောင်က နှစ်ယောက်စလုံး၏ မျက်နှာကို စူးနေ၍ လက်ဖြင့်အမြန်ကာမိကြ၏။ အလင်းရောင်ဒဏ်အား ခံနိုင်သည့် ရှောင်းကျန့်သည် မျက်လုံးကို ခနအကြာ ဖွင့်ပြီးနောက် ပေါ်လာသည့် လမ်းသွယ်တစ်ခုဆီပြေးသွားလိုက်သည်။
ဒီလမ်းဂာ သူ့အတွတ် ထွက်ပေါက်မှန်း ရှောင်းကျန့်၏ မသိစိတ်က တွန်းပို့နေသယောင်။ ရှောင်းကျန့် ပြေးရင်းပြေးရင်းမှချောက်အနက်ကြီးတွေ့၍ နောက်ဆုံး မျက်စိစုံမှိတ်ကာ ခုန်ချပစ်လိုက်သည်။
*အား...*
ချောက်ထဲသို့ လေဟာနယ်ကနေ ကျသွား၍ ရှောင်းကျန့် အော်မိသည်က အထိတ်တလန့်။ အနောက်တွင် တရှို့သည် ဘယ်လိုကျန်နေခဲ့မလဲ သူ မသိချင်။ သူ ဝမ်ရိပေါ်နဲ့ သူ့ကလေးဆီ ပြန်ရမည်။
ရိပေါ်တို့ကို သူကာကွယ်ဖို့ လိုနေလေပြီ။
*အင်း..!*
*အရှင်..အရှင်*
ရုတ်တရက်ကြီး ညည်းညူသံကျယ်ကျယ်ဖြင့် ထထိုင်လာသည့် အရှင့်ကြောင့် ရိပေါ် ခပ်မြန်မြန်ပင် အရှင့်အား ခိုတွဲလိုက်ရသည်။ အရှင်သည် အခုမှပြေးလာရသည့် သူလိုပက် အသက်ရှူသံတွေ မြန်နေပြီး ချွေးတွေ နစ်နေ၏။မျက်နှာအသားအရည်သည်လဲ အရင်ကအတိုင်းပင် ဖြစ်လာ၍ ရိပေါ် ဝမ်းသာသွားရသည်။
*အရှင်..သတိရလာပြီပေါ့*
*ရိပေါ်*
ရှောင်းကျန့် ရိပေါ်၏ ခန္ဓာကိုယ်အား ထွေးဖက်လိုက်သည်။ ရိပေါ်သည် သူ့ကိုပြန်သိုင်းဖက်ကာ ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်နေသေး၏။
*အဲ့..အဲ့*
*ဟင်*
ရှောင်းကျန့်၏ လက်တွေကို လာပုတ်သော လက်သေးသေးလေး။ ရှောင်းကျန့် ထိုလက်ကလေး၏ လားရာကို ကြည့်လိုက်တော့ သူ့ အနားတွင် ပက်လက်ကလေး အိပ်နေသည့် ကလေးနီတာရဲလေး။ ရှောင်းကျန့် ရိပေါ်ကို လွှတ်ပေးလိုက်ကာ ကလေးလေး၏ လက်ချောင်းလေးတွေကို ဆွဲကိုင်လိုက်သည်က အသာအယာ။
*အဲ..အဲ*
ကလေးလေးသည် ရှောင်းကျန့်၏ လက်ညှိုးအား ကိုင်ထားကာ သွားမေပါက်သေးသည့် သွားဖုံးရဲရဲလေးတွေဖြင့် ရယ်ပြနေလေသည်။ စိမ်းညိှု့နေသည့် မျက်ခုံးတန်းနဲ့အတူ၊ စူးရှနေသည့် မျက်လုံးအကြည့်တွေ။ နှာတံစင်းစင်းသွယ်သွယ်သည် ပြုပြင်ပေးစရာမလိုလောက်အောင် လှသည်။ ပိရိသေသပ်သည့်နှုတ်ခမ်းလေးတွေနှင့် ထိုအနားမှာ မှဲ့နက်လေး။
YOU ARE READING
ကိုယ်လုပ်တော် ဝမ်
Fanfiction- Zhanyi - [ Asshole, Possessive , 18+ , M-PREG, Weak ]