°Extra°

8K 557 64
                                    

လေအဝေ့တွင် ပါလာသည့် ကိုယ်သင်းနံ့လေးက ခပ်သင်းသင်း။လက်နုနုရဲရဲလေးတစ်စုံသည် စုတ်တံကို ကိုင်ကာ ပန်းချီတစ်ချပ်အား ရေးဆွဲနေလေ၏။ ထိုပန်းချီချပ်တွင် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကောင်ငယ်လေးတစ်ဦးသည် အဖြူရောင် ဝတ်ရုံလေး ဝတ်ဆင်ထားကာ ရယ်မောနေသည့် ကောင်ငယ်လေးအား ပြုံးရယ်စွာ ချီပိုးထားသည့်ပုံဖြစ်သည်။

ထိုကလေးငယ်နှစ်ဦး၏ မျက်နှာတွင် ပျော်ရွှင်မှုတွေနှင့် ငယ်ရွယ်မှုတွေကို အတိုင်းသား မြင်ရအောင်အထိ ပန်းချီကားလေးက အသက်ဝင်နေလေသည်။ မီးခိုးရောင် ဝတ်ဆင်ထားသော လူငယ်လေးသည် ထိုပန်းချီကားအား ကြည့်ကာ မျက်ဝန်းလေးတွေက လက်လာပြီး ခနအကြာတွင်မျက်ရည်လေးတွေဝေ့သီလာသည်။

ပါးပြင်ဖောင်းဖောင်းလေးပေါ်သို့ စီးကျလာသည့် မျက်ရည်လေးတွေအား လက်ဖနောင့်ဖြင့်ဆွဲသုတ်ကာ လှလှပပပြူံးသည်။

*အချိန်တွေသာ ပြင်ဆင်ချိန်ရမယ်ဆို ကိုကို့အနားမှာ ပိုနေပေးပြီး ကိုကို့ကို ကျွန်တော် ဂရုစိုက်ပေးပါ့မယ်*

ရိပေါ်၏ ပန်းချီကားချပ်တွင် တည်ရှိနေသည့် ကောင်လေးသည် ကိုယ်လုပ်တော် တရှို့ပင် ဖြစ်၏။

*ကိုယ်လုပ်တော် ဝမ်*

*ပါးပါး*

ရိပေါ်မျက်ရည်တွေကို အနောက်ကို လှည့်ကြည့်လိုက်သည်။ ရိပေါ်ကို ပြုံးရွှင်ကာ ကြည့်နေသည့် အသိုက်အမြုံငယ်လေးတစ်ခု။ ထိုလူနှစ်ဦးသည် ရိပေါ်၏ သားတော်နှင့် ရိပေါ်၏ ခင်ပွန်းပင်ဖြစ်သည်။

အရှင်သည် ရွှေရောင်ဝတ်ရုံကြီးအား ခံ့ညားစွာ ဝတ်ဆင်ထားပေးပြီး အရှင်နှင့် ချွတ်စွပ်တူသော သားတော်၏ လက်ကို ဆွဲကိုင်ထားသည်။ ရိပေါ် လက်ကို ဆန့်တန်းလိုက်သည်နှင့် သားတော်သည် ရိပေါ်ရင်ခွင်ထဲ ပြေးဝင်လာသည်။ ရိပေါ် သားတော်၏ ခန္ဓာကိုယ်အား အားရပါးရ ဖက်လိုက်ပြီး ပါးပြင်လေးတွေကို မွှေးကြူလိုက်သည်။

သားသည် သူ့ခမည်းတော်နှင့် တစ်ပုံစံထဲပင်။ သားတော်သည် လေးအတတ်ကိုလဲ ကျွမ်းကျင်သလို၊စစ်ဗျူဟာတွေကိုလဲ နားလည်သည်။ ဒီအရွယ်လေးနှင့်ပင် သူ့အဖေနှင့်ပြိုင်ကာ တောလိုက်နေပြီဖြစ်သည်။ စာပေဆိုလျှင်လဲ အမြဲရှေ့ကနေရောက်နေတတ်သည့် ကလေးပင်ဖြစ်သည်။မာနမကြီးဖို့၊ မဝံ့ကြွားဖို့ ရိပေါ် သင်ပေးပေမယ့် သားသည် ဘုရင့်သား၊ ဧကရာဇ်၏ သားဆိုသည့် ဂုဏ်ပုဒ်နှင့် ညီအောင် ဝံ့ဝံ့ကြွားကြွားပင် နေတတ်လေသည်။

You've reached the end of published parts.

⏰ Last updated: Jun 05 ⏰

Add this story to your Library to get notified about new parts!

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now