°11°

5.6K 572 62
                                    

*အရှေ့နန်းဆောင် ကိုယ်လုပ်တော်တရှို့ ကြွလာပါတယ် ကိုယ်လုပ်တော်ဝမ်*

*အကိုတော်*

ပန်းချီဆွဲလက်စနှင့် ရိပေါ်သည် မျက်နှာလေးက ပြုံးရွှင်သွားသည်။ စုတ်တံလေးအား အောက်တွင်ချလိုက်ရင်း တံခါးကို ကိုယ်ကိုယ်တိုင်ပင် သွားဖွင့်ပေးလိုက်သည်။ အကိုတော်..။ ပြုံးနေသည့် မျက်နှာလေးဖြင့် ရိပေါ်ကို ကြည့်နေသည့် အကိုတော်။

ရိပေါ် လွမ်းနေခဲ့ရသည့် အကိုတော်။ ရိပေါ် မျက်ရည်တွေ ရစ်သိုင်းလာကာ အကိုတော့်ကို ဟန်ပင်မဆောင်နိုင်ပဲ သွားပွေ့ဖက်လိုက်သည်။ အကိုတော်သည် ရိပေါ်ကို ပြန်ဖက်ပေးထားကာ

*ကလေးလေးလိုပဲ ငိုနေတယ်*

*အကိုတော့်ကို သတိရနေတာ*

ရိပေါ် အကိုတော့်၏ လက်အားဆွဲကာ နန်းဆောင်တွင်းတွင် ထိုင်စေသည်။ ရိပေါ်၏ မျက်နှာတွင် ပေကျံနေသော ဆေးစက်လေးတွေအား အကိုတော်သည် အသာအယာ ပွတ်သပ်ပေးပြီး

*ဒီနေ့ ကောက်ရိတ်သိမ်းပွဲရောက်ပြီ ဝမ်လေး။ အပြင်မှာ ဒီအချိန်ဆို လူအရမ်းများမှာပဲနော်။ ပျော်စရာကြီးလဲ နေမှာပဲ။ ဝမ်လေးမှတ်မိသေးလား..အကိုတော်နဲ့ ဝမ်လေး အတူတူခိုးထွက်ကြတာလေ*

ရိပေါ် အကိုတော့်မျက်နှာအား ယောင်ယောင်လေးမော့ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်သည်။ ရိပေါ်ထိုင်နေသည်က အကိုတော့် ရင်ခွင်ထဲတွင်။

*မှတ်မိတာပေါ့ အကိုတော်။ ဒါနဲ့ အကိုတော်က သွားချင်လိူ့လားဟင်*

ရိပေါ် အကိုတော့်မျက်နှာအား စူးစမ်းကာ မေးလိုက်ခြင်းဖြစ်သည်။ အကိုတော်သည် ရိပေါ်ကြောင့် အခုလို အရှင့်၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရတာ။ အရင်နန်းတော်မှာသာဆိုလျှင် အကိုတော်အပြင်ထွက်ချင်လျှင် တားမည့်သူမရှိချေ။

ရိပေါ် တစ်ကယ်ကို အကိုတော့်အား ပျော်ရွှင်အောင်ထားချင်ပါသည်။

*သွားချင်လဲ သွားခွင့်မှမရှိတာ ဝမ်လေး*

အကိုတော်က မချိပြုံးလေးပြုံးပြသည်။ ရိပေါ် ခေါင်းလေး ခါပြလိုက်ကာ

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now