ရိပေါ် သတင်းကြားကြားချင်း အမှုစစ်သည့် နေရာသို့ မနားတမ်း ပြေးသည်။ လမ်းတွင် လဲမလို ဖြစ်ခဲ့သည်ကိုလဲ ဂရုမထားအား။သူ အမြန်ရောက်ဖို့ လို၏။ သူ ကြားတဲ့သတင်း မမှန်ဘူးဆိုတာ သွား၍ အတည်ပြုချင်သည်။ ကိုယ်ရံတော် ပိုင်လီဆုံးပြီဆိုသော စကား၊ မဟုတ်ဘူး..အသတ်ခံလိုက်ရသည်ဆိုသော စကားက ရိပေါ် နားထဲက မထွက်ချေ။
*ကိုယ်လုပ်တော် ဝမ်*
လူတွေ စုပြုံနေသည့် နေရာသို့ ရိပေါ် တိုးဝင်သွားလိုက်သည်။အားလုံးသည်လဲ ရိပေါ်ရောက်လာမည် မထင်၍ အံ့ဩနေကြပုံပင်။
*ဟား..*
ရိပေါ်၏ ခြေလှမ်းတွေသည် အနောက်သို့ ယိုင်နဲ့သွား၏။ ရိပေါ် မျက်ဝန်းလေးတွေသည် ဝိုင်းစက်သွားကာ မျက်ရည်တွေစီးကျလာသည်။ ရိပေါ်၏ရှေ့တွင် ရှိနေသော ကိုယ်ရံတော် ပိုင်လီသည် ရုပ်ပျက်သည်အထိ အသတ်ခံထားရ၏။
ရိပေါ်ကို အမြဲဂရုတစိုက်နှင့် ရိပေါ်လိုအပ်သမျှအား ဖြည့်ဆည်းပေးသော ရိပေါ်၏ အကိုလိုပင် ချစ်ရသူသည် အခုတော့ ရိပေါ်ကြောင့် အသတ်ခံလိုက်ရလေပြီ။ ရိပေါ်တဖြေးဖြေး ရှေ့တိုးသွားကာ သေဆုံးနေပြီဖြစ်သော ကိုယ်ရံတော်ပိုင်လီ၏ ရုပ်အလောင်းအား လက်ဖြင့် ခပ်ဖွဖွ ထိလိုက်၏။
သူ ကယ်၍ရနိုင်အုံးမလား ဆိုသည့် မျှော်လင့်ချက်ဖြင့်ပင်။ သို့ပေမယ့်အေးစက်နေသည့် ခန္ဓာကိုယ်သည် သွေးတွေမရှိ တော့ကြောင်း သက်သေခံနေပြန်သည်။
*ကိုယ်ရံတော် ပိုင်*
ရိပေါ် ခပ်တိုးတိုးလေး ခေါ်လိုက်၏။ ရိပေါ် ချစ်ရသူတွေသည် ဘာကြောင့်များ ရိပေါ်အနားက ထွက်သွားချင်ကြရတာလဲ။ ရိပေါ် တစ်ကယ်ကို နားမလည်နိုင်တော့ချေ။
*ဝမ်လေး*
ရိပေါ်၏ ပုခုံးအား ဖက်ကာ ပုခုံးလေးတွေလှုပ်သည်အထိ ငိုနေသည့် ရိပေါ်ကို ရင်ခွင်ထဲ ထွေးပွေ့ဖက်လိုက်သည့် ကိုယ်လုပ်တော် တရှို့။ ရှောင်းကျန့်သည် ရိပေါ်ကို ဟန်မပျက်သာ ကြည့်နေပြီး ဘာမှမပြော၍။
သူ ဝင်ပြောစရာလဲမလိုပေ။ ကိုယ်ရံတော် ပိုင်လီဆုံးသွားတာကိုလဲ သူ ဝမ်းမနည်း။ ဝမ်ရိပေါ်အနားက တစ်စုံတစ်ယောက် လျော့သွားသည်ပေါ့။ ဒါပေမယ့် အခုသေဆုံးသွားသည့် သူသည် ဝမ်ရိပေါ် အားကိုးရသော၊ ဝမ်ရိပေါ်ကို ဖေးမသည့် သူ တစ်ယောက်ဖြစ်နေခဲ့တာကိုတော့ အချိန်လွန်မှ ရှောင်းကျန့်သိ၍ အနည်းငယ်တော့ စိတ်မကောင်းပါ။
YOU ARE READING
ကိုယ်လုပ်တော် ဝမ်
Fanfiction- Zhanyi - [ Asshole, Possessive , 18+ , M-PREG, Weak ]