*မင်းကြီး*
*အရှင်..!*
မျက်လုံးပွင့်လာသူသည် ရိပေါ်ကို အရင်ကြည့်၏။ ရိပေါ် နှုတ်ခမ်းလေးတွေ တဆက်ဆက်တုန်ယင်လာကာ အရှင့်ကို သိုင်းဖက်ပစ်သည်။ အရင်အတိုင်း အသားအရည်တွေ၊ မျက်နှာအရောင်တွေက ပြန်ဖြစ်သွားကာ အရှင်သည် မလှုပ်မယှက်တော့ ဖြစ်နေဆဲပင်။ သို့ပေမယ့် ရိပေါ် ထိုအရာတွေကို ခေါင်းထဲထည့်မထားနိုင်သေးပါ။
အရှင်အရင်အတိုင်းပြန်ဖြစ်လာတာကိုပင် ကျေးဇူးတင်နေပြီမို့လို့။
*အရှင်*
*တရှို့*
ရိပေါ်၏ လက်တွေသည် ပြေကျသွားသည်။ အရှင်သည် ရိပေါ်ကို ဖယ်ချကာ ငုတ်တုပ်ထိုင်ပြီး မယ်မယ်ကြီးအနောက်တွင် မျက်နှာလေးငယ်ပြီး ရပ်နေသည့် အကိုတော့်ကို လှမ်းခေါ်လိုက်ခြင်းကြောင့်ပင်။
*တရှို့..ကိုယ့်ဆီ လာပါအုံး။ ကိုယ်လုပ်တော် ဝမ်..ထိုင်ရာကနေ ခနထပေး**
ရိပေါ် ခနမျှကြောင်တွေသွားသလို၊ မယ်မယ်ကြီးနှင့် အမရှောင်သည်လဲ မျက်နှာတွေ ပျက်သွားသည်။ ရိပေါ် ပြုံးလိုက်ကာ နေရာကနေ ထဖယ်လိုက်ပြီး မယ်မယ်ကြီး၏ ဘေးတွင် သွားရပ်လိုက်သည်။
ရိပေါ် အစောကြီးကထဲက သိထားပြီးသား ကိစ္စအတွတ် ရိပေါ် အခုထိ အသားမကျသေးပေ။ အရှင်သည် ရိပေါ်ထက် အကိုတော့်ကို ပိုမြတ်နိုးသည်ဆိုတာ ရိပေါ် သိရဲ့နဲ့ အကိုတော့်နေရာကို ရိပေါ်နေရာယူမိတာပဲ။
*ကိုယ် မင်းကိုမတွေ့ရတော့မှာ ကြောက်နေတာ တရှို့။ ကိုယ် မင်းရဲ့ခေါ်သံကို ကြားလို့ ဒီကိုပြန်ရောက်လာခဲ့တာ။ ကျေးဇူးတင်ပါတယ် တရှို့။ ကိုယ် သိပ်ကို ကျေးဇူးတင်ပါတယ်*
*မင်းကြီးနေပြန်ကောင်းလာတာနဲ့တင် ကျေနပ်နေပြီမို့လို့ ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး မင်းကြီး*
အရှင်သည် အကိုတော့်၏ ခန္ဓာကိုယ်လေးကို နွေးထွေးစွာ ဖက်လိုက်ပြီး တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားမှုက နောက်တစ်ကြိမ် လွတ်ထွက်သွားမှာ ကြောက်သည့်အလား။ ရိပေါ် နှလုံးသားတွေ တဆစ်ဆစ် နာကျင်လာသည်။ ဝတ်ရုံဖြူလေးအား လက်ကလေးဖြင့် တင်းကြပ်နေအောင် ကိုင်ထားပြီး စိတ်ထိန်းနေပေမယ့် ရင်ထဲက စို့နစ်စွာ နာကျင်နေမှုအား မည်သည့်အရာကမှ မတားဆီးနိုင်ခဲ့။
YOU ARE READING
ကိုယ်လုပ်တော် ဝမ်
Fanfiction- Zhanyi - [ Asshole, Possessive , 18+ , M-PREG, Weak ]