*ဟို..ဖွားဖွား..ကျွန်တော် ဘာလုပ်ပေးရမလဲဟင်*
*ဒီပန်းတွေကို မျိုးပွားပေးထား။ ပြီးရင် ဒီသစ်သကြားသီးလုံးလေးကို ကြွေလက်ဘက်ရည်ပန်းကန်လှလှလေးထဲ ပြင်ပေးထား*
*ဟုတ်*
ရိပေါ် အခုလို လုပ်စရာ အလုပ်လေး ရှိမှပင် မျက်နှာလေးက ပြုံးရွှင်လာသည်။ မနက်ကထဲက ဖွားဖွားကသာ ပန်းတွေရေလောင်း၊ ဆေးတွေဖော်လုပ်နေသည်ကို ရိပေါ်က ထိုင်ကြည့်နေရတာ ဖြစ်သည်။ တစ်ကယ်တမ်းကျ ဘာမှလုပ်စရာ မရှိ၍ ပျင်းပျင်းကြီး ဖြစ်နေတာတော့ အမှန်ပင်။
ဖတ်စရာ စာအုပ်ကလဲ မရှိသလို၊ ပန်းချီဆွဲဖို့ကလဲ ဘာမှမရှိချေ။
*ပြီးပြီလား ကောင်လေး*
ရိပေါ်ဘက်ကို လှည့်ကြည့်ကာ မေးလာသည့် ဖွားဖွား။ ရိပေါ် အတွေးတွေကို ရပ်ကာ ဟီးခနဲ ရယ်ပြလိုက်သည်။ ရိပေါ် ဒီနေရာကို အမှန်တိုင်း ပြောရလျှင် တစ်ကယ်သဘောကျ၏။ စိတ်ငြိမ်သည်။ နေရတာ အေးချမ်း၏။ ပူလောင်မှုတွေ မရှိပဲ တစ်ကယ့် ငြိမ်းချမ်းရာလေးလိုပင်။
ဖွားဖွားစိုက်ပျိုးထားသည့် ပန်းလေးတွေသည် လေသင့်တိုင်း မွှေးပျံ့လာကာ လေယူရာ ယိမ်းနွဲ့နေပုံက ပန်းချီကား တစ်ချပ်လိုပင် လှပနေပြန်သည်။
*ဖွားဖွား..ပြီးပါပြီ*
ရိပေါ်ကြွေပန်းကန် လှလှလေးထဲသို့ သစ်သကြားသီးလေး တစ်လုံးထည့်ပေးလိုက်ကာ မျိုးပွားပြီးသား ပန်းပင်လေးတွေအား ဖွားဖွားဆီသယ်သွားပေးလိုက်သည်။ ဖွားဖွား၏ အနားတွင် ချပေးလိုက်ရင်း ဖွားဖွားလုပ်သမျှကို ငေး၏။
*ဒီမှာနေရတာ ပျင်းနေပြီလား ကောင်လေး*
*ဟင့်အင်း..ကျွန်တော် ဒီမှာနေရတာ တစ်ကယ်ပျော်ပါတယ် ဖွားဖွား။ အရှင့်ကိုယုံကြည်စေချင်ပေမယ့် တစ်ခါတစ်ခါ အရှင့်အနားက ပြေးထွက်လာရတာကို ကျွန်တော် သဘောကျပါတယ်*
*အချစ်တွေက ပူလောင်တယ် ကိုယ်လုပ်တော် ဝမ်။ အချစ်က အမှားအများကြီးကိုလဲ လုပ်မိစေသလို ဆင်ခြင်ဉာဏ်တွေလဲ မဲ့တတ်တယ်*
*ဟုတ်ကဲ့..*
ရိပေါ် ခက်ရင်းသေးသေးလေးအား ယူလိုက်ပြီး မြေဆွေးတွေကို ဆွပေးလိုက်သည်။ ဖွားဖွားသည် ရိပေါ် ဆွပေးထားသည့် မြေဆွေးလေးတွေထဲသို့ ပန်းမျိုးစိပ်အချို့ကို စိုက်လေသည်။
YOU ARE READING
ကိုယ်လုပ်တော် ဝမ်
Fanfiction- Zhanyi - [ Asshole, Possessive , 18+ , M-PREG, Weak ]