°32°

4.6K 408 6
                                    

*ဝမ်ရိပေါ်..*

နန်းဆောင် ပြန်ရောက်သည်နှင့် ရှောင်းကျန့် ငိုင်ကျသွားသည့် ဝမ်ရိပေါ်ကို သတိပေးသလို ခေါ်လိုက်၏။ မျက်ရည်ကြည်တွေဝိုင်းတက်လာကာ အသိစိတ်လွတ်နေသူလို ဖြစ်နေသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာ အထိတ်တလန့် ဖြစ်နေရသည်အထိ။

မထင်ထားသည့် သူက မထင်ထားသည့် လုပ်ရပ်ကို လုပ်လိုက်သည့်အတွတ်ကြောက်ရွံ့သွားသည့် ပုံပင်။

*ဝမ်ရိပေါ်..စိတ်ထိန်းစမ်း*

ရှောင်းကျန့် ဝမ်ရိပေါ်၏ ပုခုံးတွေကို လှုပ်ကာ သတိပေးလိုက်သည်။ ဝမ်ရိပေါ်သည် ဟင့်ခနဲရှိုက်ကာ ရှောင်းကျန့်ကို ထိုအခါမှပင် မော့ကြည့်လာသည်။

*အ..အရှင်..အမတော်ရှောင်က*

ရိပေါ် ဆက်ပင်မပြောနိုင်တော့။ ကြောက်လွန်း၍ တုန်ယီနေကာ မျက်ဝန်းလေးတွေတွက်လဲ မျက်ရည်ကြည်တွေ အပြည့်ဖြစ်နေလေသည်။ 

*အင်း..ဟုတ်တယ် သူပဲ ဝမ်ရိပေါ်..စိတ်ထိန်းစမ်းပါ။ မင်း တစ်ခုခုကို ကြောက်သွားလို့ မရဘူးနော်။ *

*ဒါပေမယ့်..*

ရိပေါ်၏ နှုတ်ခမ်းလေးအား ရှောင်းကျန့်သည် လက်ညှိုးအား ကန့်လန့်ဖြတ်တင်ကာ ခေါင်းရမ်းပြဟည်။ ရိပေါ် မျက်ဝန်းကြည်ကြည်လေးတွေဖြင့် ရှောင်းကျန့်ကို အားကိုးတကြီး မော့ကြည့်လိုက်သည်။

*မင်း ဘေးမှာ ကိုယ်အမြဲတမ်း ရှိနေမှာလေ ရိပေါ်။ အခုလိုပဲ ကိုယ် မင်းကို ကာကွယ်ပေးနေအုံးမှာပဲ။ အချိန်အကြာကြီး..ကိုယ် နောက်ဆုံးအချိန် မရောက်ခင်အထိ မင်းကို ကာကွယ်ပေးနေအုံးမှာ*

*အရှင်*

ရိပေါ် ဝမ်းနည်း၊ ဝမ်းသာကြီးဖြင့် အရှင့်ကို တိုးဖက်လိုက်သည်။ ရှောင်းကျန့်သည်လဲ ပြုံးနေသော မျက်နှာဖြင့် ရိပေါ်ကို ပြန်သိုင်းဖက်၏။

သူ ဘာမှမစဉ်းစားချင်တော့ပါ။ တရှို့ကိုလဲ သူ အမှန်တိုင်းပင် ဖွင့်ပြောလိုက်ပေတော့မည်။  သူ တရှို့ကို မချစ်နိုင်တော့။ သူ တစ်ကယ်ချစ်နေတာက ဝမ်ရိပေါ်ပင် ဖြစ်နေလေပြီ။

ငယ်ငယ်က အချစ်နဲ့ အခုက အချစ်သည် ထပ်တူမကျတာမျိုးများ ဖြစ်ခဲ့သလား မသိချေ။ သူ ကိုယ်လုပ်တော် တရှို့၏ လည်ပင်းမှ အမှတ်သားလေး တစ်ခုထဲကိုကြည့်ပြီး သူ့အချစ်တွေ ပြန်ပေါက်ဖွားလာမည် ထင်နေခဲ့တာ။ အခုတော့ လွဲမှ‌ားနေလေပြီ။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now