°18°

6K 553 70
                                    

*သခင်မလေး ကိုယ်လုပ် တော်ဝမ် ရောက်နေပါပြီ*

*ဝင်လာခိုင်းလိုက်ပါ*

ရိပေါ် အထဲက အခွင့်ရသည်နှင့် ခေါင်းကိုငုံ့ကာ ဝင်လာပြီး အရှင့်၏ အစ်မအား အရိုအသေပေးလိုက်သည်။ ရိပေါ် စရောက်ကထဲက ခေါ်တောင်မတွေ့သည့် အစ်မတော်သည် ရိပေါ်ကို အခုမှ တကူးတကကြီး လာခေါ်ခိုင်းနေ၍ ရိပေါ်မှာ အံ့ဩခဲ့ရသေးသည်။

ရိပေါ်သည် ရှောင်လီကျစ်ကို အရိုအသေပေးပြီးသည်နှင့် မျက်နှာကို အကဲခတ်သလို ကြည့်လိုက်သည်။ရှောင်လီကျစ်သည် သိပ်ကို ယဉ်ကျေးကာ လှပသော မျက်နှာကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။

သူမ၏ မျက်နှာပေါက်သည် အချိန်အကြာကြီး ထိုင်ကြည့်ချင်စရာ ကောင်းလောက်အောင်အထိ လှနေတာမျိုးပင်။

*မင်းကြီးနဲ့ အဆင်ပြေတယ်ဆို ကိုယ်လုပ်တော်ဝမ်*

*ဟုတ်..အဆင်ပြေပါတယ်*

ရှောင်လီကျစ်သည် ခေါင်းညိမ့်ကာ သူမရှေ့တွင် ရှိနေသော လက်ဖက်ရည်ခွက်အား အထိန်းတော်တစ်‌ေယာက်အား ငှဲ့စေသည်။ ထိူ့နောက် ရိပေါ်ဘက်ကို တွန်းပေးကာ

*သောက်လိုက်ပါအုံး..ကိုယ်လုပ်တော်ဝမ်အတွတ် သေချာလုပ်ပေးထားတဲ့ လက်ဖက်ရည်ပါ*

*ကျေးဇူးတင်ပါတယ် အမတော်*

ရိပေါ် လက်ဖက်ရည်မကြိုက်၍ အနည်းငယ်သာ သောက်ပြီး ပြန်ချထားလိုက်သည်။ ရှောင်လီကျစ်၏ အကြည့်တွေသည် လက်ဖက်ရည်ပန်းကန်လှလှလေးဆီ ရောက်သွားကာ

*ဘယ်လိုနေသလဲဟင်*

*သောက်ရတာ အဆင်အရမ်းပြေပါတယ်*

*ဒါနဲ့..မင်းကြီးက အခုလို လက်ဖက်ရည်တွေ မကြိုက်တတ်တာ သိတယ်မလား ကိုယ်လုပ်တော် ဝမ်*

ရိပေါ် ခေါင်းခါပြလိုက်သည်က သူ ငြင်ငြင်သာသာ။ ညာစရာအကြောင်းမရှိပဲ ရိပေါ် မညာချင်ပါ။ တစ်ကယ်ကို အရှင်သည် လက်ဖက်ရည် မကြိုက်တတ်မှန်း ရိပေါ် မသိ။

*ကျွန်တော် မသိပါဘူး။ အရှင်နဲ့ လက်ဆုံတောင်တစ်ခါမှမစားဖူးလို့ မသိတာပါ*

ရှောင်လီကျစ်၏ နှုတ်ခမ်းတွေဟည် မသိမသာ ပြုံးသွားသည်။ မင်းကြီးအကြောင်း ပြောနေသည့် ဝမ်ရိပေါ်၏ မျက်နှာသည် မှိုင်းညှို့နေ၏။ သူမ မင်းကြီးနဲ့ လုပ်ဖူးသမျှ အရာတိုင်း၊ ထိုကောင်လေး လုပ်ဖူးသလားဆိုတာ သူမထပ်သိချင်သေး၏။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now