°5°

7K 601 24
                                    

ချန်နိုင်ငံ..။လှပသော တိုင်းပြည်တစ်ခု။ နန်းတော်အကြီးကြီးနှင့် အိမ်တော်အကြီးကြီးတွေသည် ခန့်ခန့်ညားညား တည်ရှိနေ၏။ သာယာလှသည့် တိုင်းပြည်မို့ တိုင်းပြည်ထဲကို ဝင်လိုက်သည်နှင့် သစ်ပင်တွေ၊ ပန်းခြံတွေကို မြင်နေရလေသည်။ အပြင်ဘက်တွင် စည်းကားလှသော လူတွေသည် ချန်နိုင်ငံ၏ မင်းကြီးကို ကြိုဆိုကြရန် အဆင်သင့် ရှိနေကြ၏။ ပန်းတွေဖြင့် ချန်နိုင်ငံ မင်းကြီး လာမည့်လမ်းတစ်လျှောက် ပက်ကြဲထားသည်က နန်းတွင်းထဲ ရောက်သည်အထိ။

အားလုံးသည် စစ်နိုင်လာသည့် မင်းကြီးကို ကြိုဆိုနေသည်ထက် ယောကျာ်းပျိုနှစ်ယောက်ကို လက်ထပ်လာသည်ဆိုသော သတင်းကြောင့် ပို၍ စိတ်ဝင်စားနေကြခြင်းဖြစ်သည်။ ရှေ့ဆုံးက မြင်းလှည်းပေါ်တွင် မင်းကြီးသည် ရှိနေ၏။ သို့ပေမယ့် လိုက်ကာစ အဖြူတွေ ကာရံထား၍ မည်သည်ကိုမှမမြင်ရ။ ထို့နောက်တွင်တော့ ရွှေရောင်သန်းနေသည့် မြင်းအိမ်ပေါ်တွင် တရှို့ ရှိနေ၏။ နောက်ဆုံးက အဖြူရောင်သန်းနေသည့် မြင်းအိမ်ပေါ်တွင်တော့ ရိပေါ် ရှိနေလေသည်။

*မင်းကြီးက နှစ်ယောက်တောင် လက်ထပ်ခဲ့တာဆိုတော့ ဘယ်သူ့ကို ပိုချစ်မလဲပဲနော်*

*အသိသာကြီးပဲလေကွယ်။ အလယ်က အဆောင်တော်ထဲက တစ်ယောက်ကိုပေါ့ဟဲ့။ အဆောင်အယောင် ပေးထားတာတွေကိုပဲ ကြည့်အုံး။ ငါကြားထားတာကတော့လေ မင်းကြီးက သူ ပြန်မလာခင်ကထဲက အဲ့အထဲက တစ်ယောက်ဖို့ အခမ်းနားဆုံး နန်းဆောင်ကို ပြင်ခိုင်းထားတယ်တဲ့*

*ဟယ်..ဟုတ်လား*

အသင့်အတင့်ဝတ်စားထားသော အမျိုးသမီးနှစ်ဦးသည် သိလိုစိတ်ဖြင့် ကြည့်နေကြပေမယ့် ဘာအစွန်းအစလေးမှပင် မမြင်ရချေ။ ခနအကြာ စစ်သည်တန်းကြီးသည် နန်းတော်ဆီသို့ ဝင်သွားကြ၏။ နန်းရင်ပြင်ရောက်သည်နှင့် အပြင်ဘက်နှင့် ကွဲပြားစွာ တောက်ပကာ ခမ်းနားသော ဝတ်ရုံတော်ကို ဝတ်ဆင်ထားကြသည့် အမျိုးသမီးငယ်တွေ၊ နန်းတွင်းသူတွေ၊ ကိုယ်ရံတော်တွေဟာ အပြည့်။

မိဖုရားကြီးနှင့် မင်းကြီး၏ အမတော်သည် မတ်တပ်ရပ်ကာ မြင်းပေါ်က ဆင်းလာမည့်သူအား ကြိုနေကြ၏။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now