°31°

4.7K 400 15
                                    

*ဘာစားချင်လဲ။ ပွဲမသွားခင်တော့ တစ်ခုခုစားမှဖြစ်မှာ။ မင်း ဘာလို့ ဘာတစ်ခုမှမစားရသေးတာလဲ*

အမရှောင်နှင့် တွေ့ပြီး ပြန်လာလာချင်းပင် မြင်လိုက်ရသည့် မြင်ကွင်းသည် သွေးတက်ဖွယ်။ဝမ်ရိပေါ်သည် ဘာကိုမှ စားထားခြင်း မရှိပဲ အိပ်ယာပေါ်တွင်သာ ခွေခွေလေး လှဲလျောင်းနေသည်။

သူ မေးတာတွေကိုလဲ ဘာတစ်ခုမှပြန်မဖြေချေ။ အရင်က ဝမ်ရိပေါ်ဆိုသည့် တုံနိုဘာဝေ နေတတ်ပြီး အေးတိအေးစက်ကောင်လေးအတိုင်းပင်။

*နေမကောင်းဘူးလား ကိုယ်လုပ်တော်ဝမ်*

ရှောင်းကျန့်၏ အသံက ချက်ချင်း ပျော့သွားသည်။ ဝမ်ရိပေါ်၏ လက်ကလေးတွေကို ဆွဲကိုင်ကာ ကိုယ်ပူစမ်းသည်။ ခပ်နွေးနွေးလေး ဖြစ်နေသည့် ကိုယ်အပူရှိန်က အရင်ကအတိုင်းပင်။ ဘာမှမပြောင်းလဲချေ။

*ဝမ်ရိပေါ်*

*အကိုတော် ဆန်ပြုတ်လာကျွေးပြီးသွားပါပြီ အရှင်။ ဘာမှ စားချင်စိတ်မရှိတော့ပါဘူး*

ရှောင်းကျန့် အော်လိုက်မှပင် ပြန်ဖြေလာသည့် ကောင်လေးက မဖြေချင်၊ ဖြေချင်။ ရှောင်းကျန့် စိတ်ကို ထိန်းကာ သက်ပြင်းဖွဖွချရင်း ဝမ်ရိပေါ်၏ ခန္ဓာကိုယ်လေးအား အနောက်က သိုင်းဖက်လိုက်သည်။

*စကားပြောချင်စိတ် မရှိလို့လား။ နေရတာ မသက်သာဘူးလား။ဘာလုပ်ချင်လဲ*

*ဘာတစ်ခုမှ ဘာမှမလုပ်ချင်ပါဘူး အရှင်။ အရှင့်ကိူလဲ မတွေ့ချင်ပါဘူး*

ဝမ်ရိပေါ်၏ စကားသံက ခပ်ပြတ်ပြတ်။ ရှောင်းကျန့်ငုတ်တုပ် ထထိုင်လိုက်သည်။ သူနဲ့ ဝမ်ရိပေါ်၏အကြောင်းက ထိပ်တိုက်ရှင်းသင့်နေပြီပေမယ့် ကိုယ်ဝန်လွယ်ထားရသည့် ဝမ်ရိပေါ်ကို သူ စိတ်ဆင်းရဲအောင် မလုပ်ချင်။ 

*ဝမ်ရိပေါ်..ဘာလို့ ငါလဲ။ အမြဲတမ်း ဘာလို့ငါ့ကိုပဲ မတွေ့ချင်ရတာလဲ။ ငါ မင်းကို..*

ရှောင်းကျန့်၏ ဆက်ပြောမည့် စကားတွေသည် မထွက်တော့ပေ။ သူ့နှုတ်ခမ်းအား တစ်စုံတစ်ခုက အုပ်ထားလိုက်သလိုပင်။ သိသိသာသာကြီးကို ဖြစ်သွား၍ ရှောင်းကျန့် မျက်ဝန်းတွေအနည်းငယ် ပြူးကျယ်သွားရသည်။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now