*ဖွားဖွား..ကျွန်တော် ထမင်းပွဲပြင်...*
အခန်းငယ်လေးကနေ ပြုံးရွှင်စွာ ထွက်လာသော ရိပေါ်၏ အပြုံးလေးတွေသည် ခနမျှ ရပ်တန့်သွား၏။ ဖွားဖွား ပန်းပျိုးလေ့ ရှိသည့်နေရာတွင် ဖွားဖွားက ရှိမနေပဲ အရှင်သည် မားမားမတ်မတ်ကြီး ရပ်နေ၏။
မထင်မှတ်ပဲ ရုတ်တရက် တွေ့လိုက်ရသူကြောင့် ရိပေါ် ခနမျှကြောင်တွေသွားသည်။ ဘာလုပ်လို့ လုပ်ရမှန်းပင် မသိ။ ဖွားဖွားကို မျက်လုံးဝေ့ကာ ရှာဖွေမိတော့လဲ ဖွားဖွားက ရှိမနေ။
*မင်း ရှာနေတဲ့လူ မရှိဘူး*
*အ..အရှင်*
ရှောင်းကျန့်၏ အသံ ခပ်ပြတ်ပြတ်ထွက်လာမှပင် ရိပေါ်သည် သတိဝင်လာသလို ရှောင်းကျန့်အား အရိုအသေပေးလာ၏။ ခေါင်းလေးကို ပြန်မော့မလာပဲ ခါးကို ကျိုးမတတ် ကိုင်းထားသူကြောင့် ရှောင်းကျန့် မျက်ခုံးတွေက တွန့်ချိုးသွားသည်။
*ခါးမတ်လို့ရပြီ*
*ဖွား..ဖွားဖွားရော အရှင်*
*အပြင်ထွက်သွားတယ်*
ရှောင်းကျန့်၏ အသံက ခပ်ပြတ်ပြတ်။ ပြီးနောက် ဝမ်ရိပေါ်ဆီသို့ တစ်လှမ်းချင်းတိုးလာသည်။ ရိပေါ်၏ အနီးအနားအရောက် ရိပေါ်၏ မေးဖျားလေးကို ဆွဲမ၍ ပင့်ကိုင်သည်။
*ပင်ပန်းလား*
ပင်ပန်းတယ်လို့ ပြောလိုက်။ ငါ ကိုယ်တော်က မင်းကို သက်သာတဲ့အခြေအနေကို ပြန်ပေးမှာမို့လို့ ပင်ပန်းတယ်လို့သာ ပြောရုံပဲ ကိုယ်လုပ်တော်ဝမ်။
*ဗျာ..မပင်ပန်းပါဘူး*
ရှောင်းကျန့် မပင်ပန်းဘူးဟုသာ ဆိုနေသူကို ကြည့်ရင်း သူ့ရင်ထဲ မျက်ခနဲ။။ ဝမ်ရိပေါ်၏ မျက်နှာလေးသည် အရင်ကထက် ချောင်ကျသွားသည်။ သူ စလာကထဲက သတိထားမိသည့် လက်ကလေးတွေသည် အနည်းငယ်ပေါက်ပြဲနေ၏။
ဒီနန်းဆောင်တွင် နန်းတွင်းသူတွေ မရှိတာကြောင့် လျှော်ဖွပ်တာ၊ ချက်ပြုတ်တာတွေသည် ကိုယ်တိုင်လုပ်ရ၏။ ဝမ်ရိပေါ်ဆိုသည့် ကောင်သေးသေးလေးက ဘာအတွတ်များ ဒီလောက်ထိ လုပ်နိုင်မှာတဲ့လဲ။
YOU ARE READING
ကိုယ်လုပ်တော် ဝမ်
Fanfiction- Zhanyi - [ Asshole, Possessive , 18+ , M-PREG, Weak ]