°38°

5.1K 408 8
                                    

တရှို့ မျက်ဝန်းတွေသည် ကြောက်စရာကောင်းလောက်အောင် စူးရှနေ၏။ သူ ကြားလိုက်ရသည့် ငိုသံက ဝမ်လေး၏ ဗိုက်ထဲကနေ၊ ဝမ်လေး၏ အသက်နှင့် ရင်းပြီး မွေးလာသည့် ကလေးတဲ့။ ထိုကလေးမွေးဖွားလာသည်နှင့် ပျက်စီးရမည့် သူနှင့် ဝမ်လေး၏ ဘဝ။ မပေါင်းစပ်ရမယ့် သူတို့ရဲ့ ဘဝ။

အသက်ရှင်ခွင့် မပေးနိုင်ပါ။ သူ ထိုကလေးအား ဘယ်နည်းနဲ့မှကို အသက်ရှင်ခွင့် ပေး၍မဖြစ်။ တရှို့ ထိုကလေး၏ မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း လက်တွေကို မသိမသာ ချိုးနေမိသည်။

*အကိုတော်..သားလေးကို လာကြည့်ပါအုံး။ သူ့ခမည်းတော်နဲ့ တစ်ပုံစံထဲပဲ*

*အော်..အင်း..ဟုတ်သားပဲကွ*

တရှို့ ဟန်လုပ်ကာ ဝမ်လေး၏ လပ်ထဲတွင် ရှိနေသော ကလေးဆီတိုးသွားလိုက်သည်။ ဝမ်လေးသည် တရှို့ဘက်သို့ ထိုကလေး၏ မျက်နှာအား ပြလာခဲ့သည်။ တရှို့ ဟန်ဆောင်ပြုံးရင်း ဝမ်လေးလက်ထဲမှ ကလေးကို ပွေ့ချီလိုက်သည်။

သူ့ကို စူးစမ်းသလို ကြည့်နေသည့် ရှောင်းကျန့်၏ မယ်တော်ကိုတော့ မမြင်ချင်ယောင် ဆောင်လျက်။

*အရှင်နဲ့ တူတယ်မလား အကိုတော်*

*အင်း..သိပ်တူတယ် ဝမ်လေး*

တရှို့ လိမ်ညာသည် မဟုတ်။ ဒီကလေးသည် တစ်ကယ်ကြီးကို ရှောင်းကျန့်နှင့် တူနေတာဖြစ်သည်။ မျက်ခုံးတန်း စိမ်းညှို့ညှို့ကလဲ ရှောင်းကျန့်တွင်သာ ရှိသည့်အရာ။ မျက်လုံးစူးရှရှတွေက ဉာဏ်ရည်ထက်မြက်မှုကို ဖော်ပြနေသယောင်။ နှာတံသွယ်သွယ်သည် ကလေးတစ်ယောက်နှင့် မလိုက်ဖက်စွာ ထင်ထင်ရှားရှား။

နှုတ်ခမ်းလေးတွေက ပိရိသေသပ်ကာ အောက်နားတွင်မှဲ့နက်လေးတစ်လုံး။ ထိုက‌ေလးသည် ရှောင်းကျန့်၏ မျက်နှာအား ကူးချထားသလိုပင် တစ်ပုံစံထဲ ဖြစ်နေလေသည်။

သူ့အတွတ်ကတော့ သိပ်ကောင်းသည်ပေါ့။ မဟုတ်လို့ ထိုကလေးဟာ ရှောင်းကျန့်နှင့်မတူပဲ ဝမ်လေးနဲ့သာ တူနေလျှင် သူ လုပ်ရကိုင်ရတာတွေ ခက်ခဲသွားနိုင်၏။ အခုတော့ တွေဝေမှုမရှိပဲ သူ လုပ်ချင်ရာကို လုပ်လို့ရပြီ။

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now