°21°

5.6K 487 17
                                    

*အရှင်က ဘယ်သွားတာလဲဟင် အကိုတော်*

ရိပေါ် အရင်အတိုင်းပြန်သတိရလာသည်အထိ တရှို့သည် အနားတွင် ရှိနေပေး၏။ စစချင်း သတိရတဲ့ ညထဲက မပြန်တာဖြစ်သည်။ ရိပေါ်ကို တစ်ယောက်ထဲ လွှတ်ထားလျှင် သတိမေ့သွားမည် စိုးတာကြောင့်လဲ ပါ၏။

*မင်းကြီးက ဝမ်လေး သတိမေ့နေတဲ့ညကထဲက တစ်ခါလေးတောင် လာမကြည့်ပဲ စစ်ဖြစ်နေတဲ့နေရာကို ထွက်သွားတာ။ မဟုတ်ဘူး..သတိမေ့သွားတဲ့ညက ရှိတယ်။ အဲ့ညကလဲ မလာပါဘူး ကွာ။ သူ စစ်ရေးစစ်ရာတွေ ရှိသေးတယ်ဆိုပြီး*

တရှို့သည် စကားပြောနေရင်းမှရိပေါ်၏ မျက်နှာကို တစ်ချက်အလွတ်မခံပဲ အကဲခတ်သည်။ကွက်ခနဲ ပျက်ကာ ညှိုးငယ်သွားသည့် မျက်နှာလေးသည် မင်းကြီးအပေါ်တွင် အတော်ကို သံယောဇဉ်ကြီးနေပြီမှန်း သူ ခန့်မှန်းမိလိုက်တော့ သူ လက်သီးတွေ တင်းခနဲ။

*မင်းကြီးကို သိပ်ချစ်သလား ဝမ်လေး*

*အမှန်တိုင်း ပြောရမှာလား အကိုတော်*

တရှို့ ခေါင်းညိမ့်ပြလိုက်သည်။ ဝမ်လေး၏ မျက်ဝန်းကြည်ကြည်လေးတွေတွင် မျက်ရည်တွေက အိခနဲ ဝိုင်းလာတော့ သူ့ရင်တွေ နာကျင်လာရ၏။

မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေပေမယ့် တစ်ကယ်ကြီး ဟုတ်နေသည်ပေါ့။

*အရှင့်ကို ကျွန်တော် သိပ်ချစ်ပါတယ် အကိုတော်။ အကိုတော့်ဆီက လုယူမှာမျိုး မဟုတ်တဲ့အပြင် ဒီတိုင်း သဘောကျနေတယလေးတင်မို့လို့ အကိုတော်က ကျွန်တော့်ကို စိတ်မဆိုးဘူးမလား*

*ဝမ်လေး*

တရှို့၏ အသံတွေက နာကျင်နေသည်။ ပြီးတော့ ရိပေါ်၏ မျက်ရည်တွေကို မကြည့်ရက်စွာ ဖယ်ရှားလာပေးသည်။ သူ ဘယ်လိုမှ၊နောက်ဆုတ်မပေးနိုင်သည့်အတွတ်ဝမ်လေးအတ‌ွတ် သူ အမှန်တကယ် စိတ်မကောင်းချေ။

သူ ပိုင်ဆိုင်ထားသည့်အရာကို ဘယ်သူ့ကိုမှမပေးချင်တာ ငယ်ငယ်ငထဲက သူ၏ တစ်ခုတည်းသော ဆန္ဒသာ ဖြစ်နေသည်။ ထိုလူက ဝမ်လေးဖြစ်နေရင်တောင် မပေးနိုင်ပါ။

*အကိုတော်က ဝမ်လေးကို မင်းကြီးဆီမှာ ပေးအပ်ချင်ပေမယ့် မင်းကြီးက ဝမ်လေးကို သဘောမကျဘူး။ ဝမ်လေးပဲ နာကျင်ရလိမ့်မယ်*

ကိုယ်လုပ်တော် ဝမ်Where stories live. Discover now