အပိုင်း(၁)

4.1K 94 1
                                        

တိမ်တွေနေတဲ့ အရပ်ဆီ.....

ဆောင်းရာသီရဲ့အငွေ့အသက်လေကလေးက အလွန်ချမ်းအေးလှသည်။တောင်ပေါဒေသမြို့လေးဖြစ်တဲ့ပြင်ဦးလွင်မြို့လေးဟာစိတ်ကူးယဥ်ဖို့အကောင်းဆုံးမြို့ကလေးပင်။အလှအပနေရာများ များပြားလှတာကြောင့်ခရီးသွားဧည့်သည် များလာရောက်အပန်းဖြေကြသည်၊နွေရာသီကျောင်းပိတ်ရက်များဆိုလျှင်မိသားစုလိုက်လာရောက်အပန်းဖြေကြလေသည်။
အလွန်ချမ်းအေးလှတဲ့နေ့လေးတွင်ကားတစ်စီးကဆောင်းရာသီကိုအန်တုရင်းအရှိန်ပြင်းစွာမောင်းနှင်နေလေသည်။ခြံတစ်ခြံရှေ့ရောက်တော့ကားကအရှိန်လျော့ကာ ကားဟွန်းတီးသံများထွက်ပေါလာသည်။ခြံထဲမှခရစ်ယာန်မယ်သီလရှင်တစ်ပါးကခြံတံခါးကိုလာဖွင့်တော့ကားကခြံထဲသို့မောင်းနင်တော့သည်။

"ဧည့်သည်တွေ‌ရောက်လာကြပီပဲ ကြိုဆိုပါတယ်ရှင့်"

"ဟုတ်ကဲ့အစကတော့အလုပ်ကိစ္စလေးရှိတော့ အေးဆေးမှလာမလို့လုပ်နေတာကျွန့်တော့မိန်းမကမစောင့်နိုင်ဘူးဆိုတာနဲ့အလုပ်တွေထားခဲ့ပြီးလာခဲ့လိုက်တော့တာ"

"ကိုကလည်း နန်းက လောတာမဟုပါဘူး သားလေးကိုအခြားသူတွေလက်ထဲရောက်သွားမာစိူးလို့ပါ"

"ရပါတယ်ရှင့် ဆရာကတော်ရဲ့ကလေးက အရမ်းကိုလိမ္မာပါတယ်ယဒီကလေးအတွက်တော့ ကျွန်မအာမခံရဲပါတယ်"

"ကိုနောက်ဆုံးတော့ နန်းတို့မာ သာယာတဲ့မိသားစုလေးရှိတော့မာပေါ့နော် နန်းလေ အရမ်းပျော်တာပဲကိုရယ်"
ဒေါနန်းရွှေလျန်မျက်ဝန်းထဲ၌မျက်ရည်စတို့ကနေရာယူနေလေတော့သည်။ကိုထိုက်စံနဲ့အိမ်ထောင်ပြုတာငါးနှစ်ကျော်ခဲ့ပေမယ့်သာသးမီးမထွန်းတာကြောင့် ဒေါနန်းရွှေလျန်ခဗျာ ‌ေန့တိုင်း စိတ်မချမ်းသာဖြစ်ခဲ့ရသည်။မိန်းမဖြစ်သူမပျော်တော့ကိုထိုက်စံလည်းပြင်ဦးလွင်မြိူ့ရှိသူအမြဲ အလှူပြုနေကျ စိန်မိဘမဲ့ဂေယာ နဲ့ဆက်သွယ်ပြီးကလေးတစ်ယောက်မွေးစားဖို့ဖြစ်လာခဲ့သည်။

"ဒါကဆရာကတော်တို့မေးစားမယ့် ကလေးပါရှင့်"

"သားလေး လာပါအုန်းမေမေ့ဆီ ကိုကြည့်ပါအုန်းသားလေးကချစ်စရာလေးနော် "

"သားလေးဒါကသားရဲ့မွေးစားမိဘတွေပဲဟိုရောက်ရင်လိမ်လိမ်မာမာနေရမယ်နော်
ဟိုဒါကတော့စာချုပ်ပါကြည့်ပေးပါအုန်း"

"အော်ဟုတ်ကဲ့"

"ကို ကိုလုပ်စရာရှိတာဆက်လုပ်ထားလိုက်တော့နော်နန်းသားလေးနဲ့အပြင်မာစကားသွားပြောလိုက်အုန်းမယ်"

"ဟုတ်ပါပီဗျ သွားပါ"

ဂေယာထဲမှထွက်လာပြီး ဥယာဥ်လေးထဲသို့ဝင်လာခဲ့သည်။နန်းရဲ့အချစ်ဆုံးလူသားလေးနဲ့ပေါ့။

"သား မေမေ့ကိုကြည့်ပါအုန်းသားရဲ့ ဒီနေ့ကစပြီးသားကမေမေ့ရဲ့သားဖြစ်သွားပီဆိုတော့ သားအလိုရှိတာမှန်သမျှမေမေကဖြည့်ဆည်းပေးမယ် ဟုတ်ပီလား"

"ဟုတ်ကဲ့အန်တီ"

"အော သားကလည်းဘယ်လိုခေါလိုက်တာလည်း မေမေ့လို့ခေါပါ နော်"

"မေမေ "

နန်းရင်ထဲမာအကြားချင်ဆုံးစကားလေးတစ်ခု။ချိုမြိန်လိုက်တာ ဒီအရသာလေးကိုဘာနဲ့မှမလဲနိုင်ဘူး နောက်ဆုံးတော့ ဟင့်ဟင့်။

"သားလေ ဟိုတိမ်တွေဆီသွားချင်တယ် မေမေလိုက်ပို့ပေးပါလား"

"ဟင် သားကတိမ်တိုက်တွေကိုသဘောကျတယ်ထင်တယ် တိမ်တိုက်ရောင် ဟုတ်ပီခုကစပြီးသားနာမည်က ကောင်းစံမဟူတ်တော့ဘူး တိမ်တိုက်‌ရောင်ဖြစ်သွားပီနော် "

"ရေး သားနာမည်အသစ်ရသွားပီပေါ့အက်ဆို မေမေ့ကိုချစ်လိုက်တာ"

"မေမေလည်းအရမ်းချစ်တယ် "
ထိုအချိန်ဘယ်ချိန်ကတည်းကရောက်နေမှန်းမတိတဲ့ကိုထိုက်စံက

"ကဲပါ အိမ်ရောက်မှ ချစ်ကြပါနော်  ဒီသားမိအကဲပိုနေကြတယ်"

"ကိုကလည်း ဘာဖြစ်လည်း ဒါနဲ့အဆင်ပြေခဲ့ရဲ့လား အကုန်လုံး"

"ပြေတယ်မိန်းမရဲ့ ဂေယာအတွက်လည်း ငွေသိန်းငါးဆယ်လှူခဲ့လိုက်တယ်"

"နန်းအရမ်းပျော်တယ်ကိုရယ် ကို့ကိုနန်းအရမ်းကျေးဇူးတင်တယ်နော်"

"အင်းပါနန်းရဲ့နန်းပျော်ရင်ကိုလည်းဝမ်းသာပါတယ် ဒါဆိုကိုတို့သွားကြတော့မလား"

"အင်းကို"

အိမ်အပြန်လမ်းလေကပျော်ဖိူ့အရမ်းကောင်းလှသည်။ထိုထဲမာအပျော်ဆုံးကတော့နန်းပါ။
ကားလေးထဲမာသီချင်းသံလေးတွေနဲ့ကမ္ဘာကြီးကတောင်မနာလိုစေလောက်တဲ့မိသားစုကလေး။
ကားလေးကတဖြည်းဖြည်းနဲ့မန်းန္တလေးသိူ့ဦးတည်လာတော့သည်။
         ,,,,,,.,,,,,,,,,,,,,,,,,,,,,
နောက်အပိုင်းကနည်းနည်းငိုရမာမို့ ဒီအပိုင်းလေးကိုတိုတိုလေးရေးထားပါတယ်။
စာရေးသူ ခွန်း
💓💓💓💓💓

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now