တိမ်တွေနေတဲ့ အရပ်ဆီ.........
_______________
ခေတ်မင်းသစ် တိမ်တိုက်အားအနားယူခိုင်းပြီး အိမ်ခနပြန်ရန်အပြင်သို့ ထွက်လာခဲ့သည်။လမ်းကြုံရင်း ဒေါက်တာနှင့်စကားပြောဖို့လုပ်သော်လည်း နားနေခန်းထဲတွင်ဒေါက်တာကရှိမနေပါ။"လမ်းးလေးတစ်ချက်လောက် ဖယ်ပေးကြပါရှင့်"
"အော်ဟုတ် ရပါတယ်ဗျ"
ခေတ်မင်းသစ် လမ်းလည်တွင်ပိတ်နေသလိုဖြစ်နေသောကြောင့်အမြန်ဖယ်ပေးလိုက်သည်။
"သနားပါတယ်ဟယ် တခြားလူအတွက်နဲ့ကိုယ့်အသက်ကိုစတေးရဲရတယ်လို့"
"အေးလေနှမျောဖို့ကောင်းလိုက်တာ ရုပ်လေးကချောရဲ့သားနဲ့"
သူနာပြုတချို့ရဲ့စကားများကြောင့် ခေတ်မင်းသစ်နောက်ပြန်လှည့်ကြည့်လိုက်တော့သည်။
"ဟင်...ကိုမိုး......မိုး...."
ခေတ်မင်းသစ်မျက်လုံးအပြူးသားဖြင့် ဖြစ်နေလေသည်။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါမျက်စိမှားတာများလား။လူနာတင်ကုတင်ပေါ်ကလူက ကိုမိုးတိမ်ပြာနဲ့ရုပ်ချင်းအတော်ဆင်နေလေသည်။ခေတ်ချက်ချင်းပဲ သူနာပြုများနောက်သို့ပြေးလိုက်တော့သည်။
"ခနလောက်....ခနလောက်နေပါအုန်းဗျာ"
"လူနာကအသက်မရှိတော့ပါဘူးရှင့် အကိုကလူနာရှင်လားမသိဘူး"
"ကျွန်တော်မျက်နာလေးကြည့်လို့ရမလားဗျ ခနပါပဲ"
"ဟုတ်ရပါတယ်"
ခေတ်မင်းသစ်လူသေရဲ့မျက်နာပေါ်က အုပ်ထားသောအ၀တ်ဖြူစအား ဖွင့်ဖို့ရွယ်လိုက်လေသည်။လက်များကတော့ တုန်တုန်ရီရီဖြင့်။နောက်တော့ ဘာမှစဥ်းစားမနေတော့ပဲ ထိုအ၀တ်စအား လှန်ကြည့်လိုက်သည်။
"ဟာ........."
ခေတ်မင်းသစ်အနောက်ကနံရံအား ကပ်သွားလေသည်။တစ်ကိုယ်လုံးလည်းချွေးများက ထွက်လာလေသည်။ပုံစံက အရူးတစ်ယောက်ပမာလိုပင်။
"ဒီမှာရှင့် ....အကို့....အကို"
သူနာပြာအော်ခေါ်နေသည်ကိုပင် ခေတ်မင်းသစ် သတိမမူမိတော့ပါ။ခေတ်မင်းသစ်ရဲ့အကြည့်များက ထိုအသက်မရှိတော့တဲ့ လူဆီသာရောက်နေတော့သည်။
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...