အပိုင်း(၂၀)

885 40 2
                                    

တိမ်တွေနေတဲ့ အရပ်ဆီ......

တိမ်တိုက်ခေတ်ကိုတွေ့တော့ အားတတ်သွားသလိုခံစားလိုက်ရသည်။

"ပန်းသစ် မင်းဒါဘာလုပ်တာလဲ"

"အကိုခေတ် ပန်း...ပန်းတောင်းပန်ပါတယ်နော်"

ပန်းသစ်လွှာ ခေတ်အနားကပ်ကာတောင်းပန်တော့သည်။

"ပန်းလေ ပန်းအကိုခေတ်ကိုပိုင်ဆိုင်ချင်လို့ပါ အဟင့် ပန်းတောင်းပန်ပါတယ်"

"တောက်မင်းလို မိန်းမမျိုးကိုငါသေလောက်အောင်ရွံတယ်သိလား ဒီမှာမင်းတို့ဘာလုပ်နေသေးတာလဲ ငါရဲကိုခေါ်လိုက်ရမလား"

ခေတ် တိမ်တိုက်အားဖမ်းချုပ်ထားသောလူများအား အော်လိုက်သည်။

"တောင်း ..တောင်းပန်ပါတယ် ရဲမခေါ်ပါနဲ့နော်"

"ဒါမယ့်နောက်ကျသွားပြီ"

"ဟျောင့်တွေ ဖမ်းကြစမ်း"

ချက်ချင်းရဲများရောက်ရှိလာပြီးထိုလူတစ်စုအားလက်ထိပ်များခတ်ကာခေါ်ဆောင်သွားလေသည်။

"အကိုခေတ် ပန်းကိုမရက်စက်ပါနဲ့နော်"

"ငါ့လက်ကိုလွှတ်ပန်းသစ်မင်းလိုမိန်းမယုတ်ကိုငါလုံးဝခွင့်မလွှတ်ဘူး "

"အကိုခေတ် အကိုခေတ်"

ပန်းသစ်လွှာအားလက်ထိပ်ခတ်ကာကားထဲသို့ခေါ်ဆောင်သွားလေတော့သည်။ခေတ်တိမ်တိုက်အနားသွားကာ အပေါ်ထပ်ကလေးချွတ်ပြီးတိမ်တိုက်ခါးတွင်စည်းပေးလိုက်သည်။

"ခေတ် အဟင့် မင်းရောက်လာတယ်နော်"

"ရောက်လာရမှာပေါ့ရောင်လေးရဲ့ "

"ငါအရမ်းကြောက်နေခဲ့တာ မင်းသိလားအဟင့်"

‌တိမ်တိုက်ခေတ်ရင်ခွင်ထဲတွင်တရှုပ်ရှုပ်ဖြင့်ငိုချလိုက်တော့သည်။
ခေတ်တိမ်တိုက်ကိုယ်လုံးလေးအားပွေ့ချီလိုက်သည်။ဖြူအုနေတဲ့တိမ်တိုက်ရဲ့အသားရည်လေးကနေရောင်အောက်တွင်အချိန်အတော်ကြာနေထားတာမို့တစ်ကိုယ်လုံးနီမြန်းနေတော့သည်။
တိမ်တိုက်ခေတ်ရဲ့ပုခုံးလေးကိုဖက်ကာ လိုက်လာခဲ့သည်။
မကြာမှီမှာပဲ ခေတ်တို့အိမ်သို့ရောက်လာခဲ့သည်။တိမ်တိုက်ကားတံခါးဖွင့်ကာ အိမ်ထဲဝင်မည်အလုပ်

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now