တိမ်တွေနေတဲ့ အရပ်ဆီ........
"သီဟ ငါပြန်တော့မယ်"
"ပြန်တော့မို့လား မင်းက Taxiနဲ့လာတာမလား"
"အေးလေ ခုလည်းTaxiပဲငှားပြန်မှာ"
"ညီအကိုလိုက်ပို့ပေးမယ်လေ"
"ရပါတယ် ကိုမိုးတိမ်ပြာရဲ့"
"မင်းကလည်း အကိုကလိုက်ပို့ချင်လို့နေမှာပေါ့ ငြင်းမနေပါနဲ့ အကို့ တိမ်တိုက်ကိုအပ်တယ်သိလား"
"ဟားဟား ဟုတ်ပါပီ"
ငြင်းမရတာမို့ ကိုမိုးတိမ်ပြာကိုပဲလိုက်ပို့ခိုင်းလိုက်တော့သည်။ကားထဲတွင် နှစ်ယောက်သားစကားမစမိခဲ့။တိတ်ဆိတ်နေကြသည်။
"ဟိုလေ ကိုမိုးတိမ်ပြာ "
"ညီကလည်း အကို့ကိုအက်လိုမျိုးကြီးမခေါ်ပါနဲ့လား"
"အက်ဆို ကျွန်တော်က ဘယ်လိုခေါ်ရမှာလဲ"
"ကိုကြီး"
"ဟမ် အကိုကလည်းအက်လိုကြီး...."
"ကိုကြီးလို့မခေါ်ချင်ရင် ကိုကိုလို့ခေါ်ပါ့လား"
"တော် ...တော်ပါပြီ ကိုကြီးပဲခေါ်တော့မယ်"
"အင်း စောနကဘာပြောမို့လဲ"
"ကျွန်တော်အိမ်မပြန်ချင်သေးဘူးကိုမိုး..အဲကိုကြီး"
"တိမ်လေးကအိမ်မပြန်တော့ ဘယ်သွားချင်လို့လဲ ကိုကြီးလိုက်ပို့ပေးမယ်လေ"
"အက်လိုကြီးလည်းမသိဘူးဘယ်သွားရမှန်း"
"ကိုကြီးအိမ်လိုက်လည်ချင်လား"
"ကိုကြီးကတစ်ယောက်ထဲနေတာလား"
"အင်းဟုတ်တယ်"
"ဟုတ် လိုက်လည်ချင်တယ်အက်ဆို"
ကျွန်တော်သဘောတူလို့ ကိုမိုးတိမ်ပြာကသူ့၏အိမ်သို့ခေါ်သွားသည်။ကားကခြံတစ်ခြံရှေ့တွင်ရပ်လိုက်ပြီးကားထဲမှ ခြံစောင့်လိုလိုလူကခြံတံခါးလာဖွင့်သည်။ခြံတံခါးဖွင့်ပြီးသည်နှင့်တပြိုင်နက်ကားကခြံထဲသို့မောင်းနှင်တော့သည်။
"ကဲ ရောက်ပြီ"
ကိုမိုးတိမ်ပြာကကားတံခါးလာဖွင့်ပေးသည်။
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Lãng mạnတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...